Main menu

Background

တရုတ်အစိုးရ အရန်သိုလှောင်မှု မြှင့်တင်ဖို့ အမေရိကန် ပဲပုပ် တန်ချိန် ၆ သိန်းဝယ်ယူ

Tue, 11/29/2011 - 08:36 -- Anonymous (not verified)

                 ကမ္ဘာ့ ပဲပုပ်ဝယ်ယူမှု အများဆုံး တရုတ်နိုင်ငံဟာ အစိုးရသိုလှောင်မှု မြှင့်တင်ဖို့ အမေရိကန်ပဲပုပ်တန်ချိန် ၆ သိန်းဝယ်ယူခဲ့တယ်လို့ နိုဝင်ဘာလ ၁၆ ရက်နေ့မှာ ပြောကြားပါတယ်။ နိုင်ငံစား နပ် ရိက္ခာ အရန်သိုလှောင်မှုကို စီမံခန့်ခွဲ တဲ့ တရုတ်ကောက်ပဲသီးနှံအရန် သိုလှောင်မှုကော်ပိုရေးရှင်းဟာ နောက်နှစ် မှာ တင်ပို့ဖို့ ပဲပုပ်ဝယ်ယူထား ကြောင်း၊ ယင်းကုမ္ပဏီပြောခွင့်ရ Sheng Bingzhou ကပြောကြားခဲ့တာဖြစ်ပါတယ်။ ယခုဝယ်ယူခြင်းက ယခုလ ပထမ သီတင်းပတ်အတွင်း ပဲပုပ်ဆီ တန်ချိန် ၂၀၀၀၀ ဝယ်ယူပြီးနောက် ထပ်မံ ဝယ်ယူ မှု ပဲဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီကုမ္ပဏီ ဟာ အောက်တိုဘာလအစ ပိုင်းမှာလည်း ပြောင်းတန်ချိန် ၁ သန်း၊ ပဲပုပ်ဆီတန်ချိန် ၇ သိန်း-၈သိန်းနဲ့ ပဲပုပ်တန်ချိန် ၂ သန်း လည်း ဝယ်ယူထားတယ်လို့ ဆိုပါတယ်။                    ချီကာကိုမှာ ဇန်နဝါရီလပို့ရမယ့် ပဲပုပ်ဈေးဟာ ၁ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းပြီး တစ်ဘူရှယ်ကို ကန်ဒေါ်လာ ၁၁ ဒသမ ၈၆၅ ရှိပါတယ်။ ဆီထွက် သီးနံှရောင်းချမှု တိုးမြင့်ခြင်းနဲ့ ကမ္ဘာ့ စီးပွားရေး အားပျော့ခြင်းက ဝယ်လိုအား ကို လျော့ကျစေခြင်းတို့ကြောင့် ကြိုပွိုင့် ဈေးဟာ ယခုလမှာ ၂ ဒသမ ၅ ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်။ ၂၀၁၁ -၂၀၁၂ ဈေးကွက်နှစ် အတွင်း တရုတ်နိုင်ငံရဲ့ ပဲပုပ်တင်သွင်းမှု ဟာ ယခင်နှစ်ကထက် ၇ ရာခိုင်နှုန်း မြင့်တက်ပြီး၊ တန်ချိန် ၅၆ သန်းရှိမယ်လို့ နိုင်ငံပိုင် သုတေသနဌာန တရုတ်နိုင်ငံ တော်ကောက်ပဲသီးနှံနဲ့ဆီသတင်းအချက် အလက်စင်တာမှ ပြောကြားခဲ့ပါတယ်။ တရုတ် နိုင်ငံရဲ့ တင်သွင်းမှုဟာ အာဂျင်တီးနားနဲ့ ဘရာဇီးတို့က မြင့်တက်နေဆဲ ဖြစ်ပြီး၊ အမေရိကန်မှ အာရှနိုင်ငံများကို တင်ပို့မှု ကျဆင်းဖွယ်ရှိတယ်လို့ Oil World မှ ပြောကြားပါတယ်။ ယမင်းခင် Source: bloomberg