ပြောင်းကို တရုတ်အဆွဲသွက်လို့ ဈေးစွာ

ပြောင်းစဉ် ကုန်စည်ဒိုင် ရေတွက်ပုံ     ယခင်      ယခု     ပြောင်းလဲမှု၁ တောင်ကြီး      ၁ ပိဿာ      ၂၁၅       ၂၂၀၂ လားရှိုး            ၁ ပိဿာ     ၂၆၅       ၂၇၅၃ မူဆယ်           ၁ တန်    ၂၁၇၀၃၈  ၂၁၈၆၃၇၄ မန္တလေး          ၁ ပိဿာ      ၂၆၉      ၂၅၉၅ ဟင်္သာတ        ၁ ပိဿာ       ၂၉၅      ၂၉၀ပြောင်းကို တရုတ်အဆွဲသွက်လို့ ဈေးစွာ                   တောင်ကြီးဈေးကွက်မှာ ပြောင်းကို ဈေးကွက်အဝင်ရှိသလောက် ရန်ကုန်-မန္တလေးဝယ်လက်နဲ့ ဒေသခံ အစာစပ်လုပ်ငန်း ရှင်များက ဝယ်အားသွက်နေကြောင်း သိရပါတယ်။ ရောင်းသူကုန် သည် များကလည်း ဝယ်ယူတဲ့ဈေးကို ကြိုက်နှစ်သက်လို့ အရောင်း အဝယ်ဖြစ်မှုပမာဏပိုများလာတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၂၂၀ ကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၈၀၀၀၀၀ ခန့်ဖြစ်ခဲ့တယ်လို့ ဒေသခံပြောင်းကုန်သည်တစ်ဦးက ဆို ပါတယ။် မန္တလေးဈေးကွက်မှာ ပြောင်းကို တရုတ်ဝယ်လက် အားသွက်လာသလို ရောင်းလက်များကလည်း အဆိုပါဈေးနဲ့ အရောင်းများခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၂၅၉ ကျပ်နဲ့ နေ့စဉ်အိတ် ၁၅၀၀ မှ ၂၀၀၀ ကြားဖြစ်ခဲ့တယ် လို့ဆိုပါတယ်။ မူဆယ်ဈေးကွက်မှာ ပြောင်းကို တရုတ်ဝယ်လက် ကဈေးကွက်မှာ အပြိုင်အဆိုင်ဈေးပေးအဝယ်ရှိတာကြောင့် ယခင် အပတ်နဲ့စာရင် ဈေးမြင့်လာသလို အရောင်းအဝယ်ဖြစ်မှုပမာဏ လည်း ပိုများလာတယ်လို့ ဒေသခံကုန်သည်များက ဆိုပါတယ်။                       လားရှိုးဈေးကွက်မှာ ပြောင်းက ဈေးကွက်သို့ အဝင်ပုံမှန်ရှိသလိုတရုတ်ဝယ်လက်ကလည်း ဝယ်အားပုံမှန်ရှိတာကြောင့် ယခင်အပတ် နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၂၇၅ ကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၁၅၅၃၈၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဒေသခံ ပြောင်းကုန်သည်တစ်ဦးက ဆိုပါတယ်။