နိုဝင်ဘာလ ၁၆ ရက်မှ ၂၂ ရက်ထိကာလအတွင်း နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်တဲ့ မူဆယ်၊ ချင်းရွှေဟော်နဲ့ မြိတ်နယ်စပ်စခန်းများမှ ရော်ဘာအဆင့်စုံအပြင် ရော်ဘာဖြတ်စများပါ ကန်ဒေါ်လာ ၃ ဒသမ ၃၅၇ သန်းဖိုး၊ တန်ချိန်အားဖြင့် ၈၆၅ တန်ကျော် အပို့ရှိခဲ့ပါတယ်။နယ်စပ်အလိုက် ရော်ဘာတင်ပို့နိုင်မှုတွေကတော့ မူဆယ်မှ ကန်ဒေါ်လာ ၂ သန်းခန့် တန်ဖိုးရှိ RSS-3၂၃၈ တန်ခန့်၊ MSR -20 ၁၀၅ တန၊် MSR -50 ၇၁ တန်နဲ့ ရော်ဘာ ဖြတ်စ ၈၃ တန်၊ ချင်းရေ့ွှဟော်မှ ကန်ဒေါ်လာ ၁ ဒသမ ၂၂၅ သန်း တန်ဖိုးရှိ RSS-3 ၃၂၈ တန်နဲ့ မြိတ်မ် ှ ကန်ဒေါ်လာ သုည ဒသမ ၁၇၄ သန်း တန်ဖိုးရှိ RSS-5 တန် ၄၀ အသီးသီးဖြစ်ပါတယ်။ ယခင်အပတ်ကထက် တန် ၄၇၀ ခန့် တင်ပို့မှုလျော့နည်းခဲ့ပါတယ်။ ချင်းရွှေဟော်မှ တန် ၁၂၀ ခန့် အပို့ပိုပြီး မြိတ်နယ်စပ်က ယခုအပတ်မှာ အပို့ရှိလာပေမဲ့ မူဆယ်နယ်စပ်မှ RSS-3, MSR -20 နဲ့ MSR -50 တင်ပို့မှုများ လျော့နည်းခဲ့လို့ ဖြစ်ပါတယ်။ မူဆယ်နယ်စပ်က ယခုအပတ်မှာ ရော်ဘာဖြတ်စ အပို့ရှိခဲ့ပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံရော်ဘာဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ်။ မိမိဘက်ရော တစ်ဘက်နိုင်ငံမှာပါ ရော်ဘာဈေးများ လျော့နည်းလျက်ရှိပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %RSS - 3 ၂၅၇၀၅၂၈ ၃၁၈၈၆၁၂ ၆၁၈၀၈၄ ၂၀ ၃၁၅၇ ၃၉၅၄ ၇၉၇ ၂၀RSS - 5 ၂၂၃၂၉၄၆ ၂၉၁၉၈၁၂ ၆၈၆၈၆၆ ၂၄ ၂၉၉၉ ၃၇၉၆ ၇၉၇ ၂၁MIRT(DOBT)
Background