မန္တလေး-မူဆယ် သယ်ယူစရိတ် အပြောင်းအလဲ

                       နိုဝင်ဘာလ ၁၆ ရက်မှ ၂၂ ရက်ထိကာလအတွင်း မန္တလေးမှ မူဆယ်သို့ လယ်ယာထွက်ကုန် အမျိုးအစားအလိုက် တစ်ပိဿာသယ်ယူစရိတ်များမှာ ပဲတီစိမ်း နဲ့ ပြောင်း ၈၂ ကျပ် ၊ နှမ်း ၈၅ ကျပ်နဲ့ ရော်ဘာ ၉၀ ကျပ် အသီးသီးဖြစ်ပါတယ်။ နိုဝင်ဘာလ ၉ ရက်မှ ၁၅ ရက်ထိကာလနဲ့ နှိုင်းယှဉ်လျှင် ပဲတီစိမ်း ခုနစ်ကျပ်၊ နှမ်း ငါးကျပ်၊ ပြောင်း နှစ်ကျပ်နှုန်း ပိုမိုမြင့်တက်ပြီး ရော်ဘာသယ်ယူစရိတ်မှာတော့ ပြောင်းလဲမှုမရှိခဲ့ပါဘူး။ အောက်တိုဘာလဆန်းပိုင်းကစပြီး သယ်ယူစရိတ်များ မြင့်တက်နေခြင်းဖြစ်ပါတယ်။ အောက်တိုဘာ ၁၉ ရက်မှ ၂၅ ရက်ကာလမှာ အနည်း ငယ်ဈေးကျခဲ့သော်လည်း ထို့နောက်ပိုင်းမှာ ဆက်တိုက်မြင့်တက်နေတာ ဖြစ်ပါတယ်။ အောက်တိုဘာလဆန်းမှ နိုဝင်ဘာ ၂၂ ရက်ထိ ကုန် သယ်ယူစရိတ်နှုန်းထား ပြောင်းလဲမှုများကို တစ်ဖက်တွင်ဖော်ပြပေးထားပါတယ်။ MIRT(DOBT)