ဒဂုံမြို့သစ်ရှိ မြို့နယ်များဖြစ်သည့် မြောက်ပိုင်း၊ အရှေ့ပိုင်း၊ တောင်ပိုင်းမြို့ နယ်များတွင် အိမ်ရာဆောက်လုပ်ခြင်း မပြုရသေးသောမြေကွက်များ အဝယ် လိုက်နေကြောင်း သိရသည်။ အဆိုပါ မြေကွက်များမှာ မြေချပါမစ်ဖြင့် ချထားပေးသည့် မြေကွက်များ ဖြစ်ပြီး ပိုင်ရှင်ဖြစ်သူမှာ နေရာအတိ အကျပင်မသိရှိသေး သည့်မြေကွက်များ ဖြစ်ကြောင်း သိရသည်။ " ကျွန်မတို့ မြေကွက်ကို ၁၀သိန်း ပေးမယ်လို့ ပွဲစားကလာပြောတယ်။ ဒါ နဲ့ကျွန်မလည်း နည်းနည်းစုံစမ်းလိုက် တော့ အဲဒီနေရာက မြေကွက်တွေကို ဈေးကောင်းတွေ ပေးဝယ်နေတယ်လို့ သိရတာ။ အဲဒီနေရာကို ကျွန်မတို့ ဝယ်ထားတုန်းကလည်း နေရာတောင်မသိ ဘူး။ မဓရွာလို့ပြောတာပဲ။ တက္ကသိုလ် နဲ့နီးတယ်ဆိုပေမယ့်လည်း လှမ်းတော့ တော်တော်လေးလှမ်းတယ်။ ကားလမ်း မပေါက်သေးတာတောင်၁၀သိန်းလောက် ပေါက်နေပြီ။ တချို့တွေကတော့ ရောင်းနေကြတာပဲ" ဟု အဆိုပါဒေသ မြေကွက်ပိုင်ရှင်တစ်ဦးက ပြောသည်။ ထို့ပြင် ဒဂုံမြို့သစ်အရှေ့ပိုင်းစက် မှုဇုန်အနီးရှိ မြေကွက်များမှာလည်း အဆမတန် ဈေးများ ခုန်တက်သွား ကြောင်း သိရသည်။ " အရှေ့ပိုင်း စက်မှုဇုန်နားက မြေကွက်တွေက ဈေးပိုရတယ်။ အရင်က ပေ ၂၀ပေ၊ ၄၀အကွက်တွေကို ငါးသိန်း လောက်ပဲပေါက်တာ။ အဲဒါ လွန်ခဲ့တဲ့ တစ်နှစ်လောက်ကဈေး။ အခုလာဝယ် နေတာက သိန်း ၂၀၊ ၃၀လောက်ရှိ တယ်။ ပေ ၄၀_၆၀ နှစ်ကွက်တွဲဆိုရင် ပိုပြီးဈေးရတယ်"ဟု အဆိုပါဒေသမှ ပွဲ စားတစ်ဦးက ဆိုသည်။ ထိုကဲ့သို့ စက်မှုဇုန်အနီးမှမြေကွက် ဈေးများ အဆမတန်မြင့်တက်ရခြင်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ မကြာခင် လာရောက်တော့မည်ဟူသည့် သတင်း နှင့် ကားဝယ်ရောင်းများနှင့် ဒေါ်လာ ဝယ်ရောင်းသမားများ အိမ်ခြံမြေရင်းနှီး မြှုပ်နှံမှုဘက်သို့ ဦးလှည့်လာသော ကြောင့်ဖြစ်ရကြောင်း အိမ်ခြံမြေရောင်း ဝယ်ရေးလောကမှ သိရသည်။ မယ်သီတာ
Background