Main menu

Background

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းရဲ့ စီးပွားရေးအလားအလာ

Wed, 11/30/2011 - 06:32 -- Anonymous (not verified)

                   ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဂျပန်၊ ကိုရီးယား၊ အိန္ဒိယ၊ စင်ကာပူ၊ ဥရောပနဲ့ ထိုင်းစီးပွားရေး ပညာရှင်များအပါအဝင် ကမ္ဘာအနှံ့အပြားက စီးပွားရေးလုပ်ငန်းရှင်တွေ လေ့လာစောင့်ကြည့်နေကြပြီး ယခုကာလအတွင်းမှာ ထိုင်းစီးပွားရေးလုပ်ငန်းရှင်များဟာ ရင်းနှီးမြှုပ်နှံမှုအသစ်အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေတယ်လို့ သိရပါတယ်။ ထားဝယ်မြို့ကို လာရောက်လေ့လာလည်ပတ်တဲ့ ခရီးသွားဧည့်သည်ဟာ တစ်လကို ၂၀၀၀ ဦးခန့်ရှိပြီး အများစုက ထားဝယ်စီမံ ကိန်းရဲ့တိုးတက်မှုကို လာရောက်လေ့လာတာဖြစ်လို့ ဒီစီမံကိန်းကို မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များနဲ့ နိုင်ငံခြားသားစီးပွားရေး လုပ်ငန်းရှင်များက စိတ်ဝင်စားနေကြတယ်လို့ ထားဝယ်မြို့က စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။ ၎င်းကိုယ်တိုင်လည်း အခန်း ၉၆ ခန်းပါတဲ့ ဟိုတယ် အသစ်တစ်လုံးကို ဘတ်ငွေ ၁၀ သန်းခန့်နဲ့ ရင်းနှီးမြှုပ်နှံမှုပြုမယ်လို့သိရပါတယ်။ လွန်ခဲ့တဲ့ လေးလကာလ အတွင်းမှာ အုပ်ချုပ်ရေးအဖွဲ့များ မြိတ်မြို့မှ ထားဝယ်မြို့ကို ပြောင်းရွှေ့လာတဲ့အတွက် ထားဝယ်မြို့ရဲ့ စီးပွားရေး အခြေအနေတိုးတက်ကောင်းမွန်လာတယ်လို့ ထားဝယ်မြို့မှာရှိတဲ့ Super Market  ပိုင်ရှင်တစ်ဦးမှ ပြောပါတယ်။ ၎င်းပိုင်ရှင်မှ ကုန်တိုက်အကြီးစားတစ်ခုကို ဘတ်ငွေ သန်း ၃၀ ခန့်ရင်းနှီးပြီး ဖွင့်လှစ်မယ်လို့ဆိုပါတယ်။ အဲဒီကုန်တိုက်မှာ ထည့်သွင်းရောင်းချဖို့ Ready Made Chicken ထုတ်လုပ်တဲ့ ထိုင်းနိုင်ငံ ကန်ကျနပူရီခရိုင်က Thai Food Co;  နဲ့ ဆက်သွယ်ထားပြီးဖြစ်တယ်လို့လဲ သိရပါတယ်။ ထားဝယ်မြို့မှာ ကုန်ပစ္စည်းများဖြန့်ဖြူးရောင်းချနေတဲ့ " မနော်ရာစားသောက်ကုန်လုပ်ငန်းကုမ္ပဏီ"ရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ နိုင်အဖီးဝပ်ဝဝီးဝမ်က စက်ရုံအတွက် ကုန်ကြမ်းပစ္စည်းအများ အပြားရရှိပြီး လုပ်အားခချိုသာတဲ့အတွက် ဆန်နဲ့ဂျုံကို အခြေခံ ထုတ်လုပ်တဲ့ မုန့်လုပ်စက်ရုံများတည်ထောင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောပါတယ်။              အလယ်အလတ်စက်မှုလုပ်ငန်းရှင်များအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာသီဟတန်တရင်ချိုင်းချနကလည်း ရော်ဘာနှင့် စားအုန်း ဆီများ Value Added လုပ်ဖို့ ၎င်းတို့ကိုယ်တိုင် စီးပွားရေးလုပ်ငန်းများတိုးချဲ့ချင်တဲ့ ဆန္ဒရှိတဲ့အပြင် မြန်မာ့စီးပွားရေးပညာရှင်များကလည်း ထားဝယ်စီမံကိန်းကို လက်ခံတိုးချဲ့ဖို့အဆင်သင့်ဖြစ်နေကြပြီး ထိုင်းနိုင်ငံအလယ်ပိုင်းဒေသရှိ စက်မှုလုပ်ငန်းရှင်များ အဖွဲ့မှ ကြီးကြပ်ရေးအဖွဲ့များဖွဲ့စည်းပြီး ထားဝယ်မြို့မှာ စီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်ကြမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဆောင်ရွက်မယ့် စီးပွားရေးလုပ်ငန်းတွေကတော့ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံစည်သွပ်ဘူး ထုတ်လုပ် တဲ့စက်ရုံ၊ လှေ၊ သင်္ဘောတည်ဆောက်မယ့် ဆောက်လုပ်ရေးပစ္စည်း၊ စက်ကိရိယာများ ထုတ်လုပ်တဲ့စက်ရုံတွေ တည်ဆောက်မှာ ဖြစ်ပါတယ်။ ထိုင်းစီးပွားရေးလုပ်ငန်းရှင်တွေက ဘတ်ငွေ သန်း ၁၀၀၀ကျော်ခန့် ရင်းနှီးမြှုပ်နှံမှုပြုမယ်လို့ ခန့်မှန်းရပြီး ကုန်ကြမ်းပစ္စည်းများ လျင်မြန်စွာသယ်ယူနိုင်ဖို့ ရေပူစမ်းဂိတ်ဖွင့်လှစ်ပေးရေး ညှိနှိုင်းသွားမှာဖြစ်ပါတယ်။ ပွင့်လင်းရာသီမှာတော့ ထားဝယ် ကန်ကျနပူရီလမ်းမကြီးကို အသုံးပြုနိုင်မှာဖြစ်ပြီး ၂၀၁၂ ခုနှစ် နှစ်ဦးပိုင်းမှာ နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များ အကျိုးတူပူးပေါင်း လုပ်ကိုင်မယ့် စာချုပ်ချုပ်ဆိုတဲ့ အခမ်းအနားကျင်းပဖို့ရှိတယ်လို့ သတင်းရရှိပါတယ်။ Source: ပလယ်ချာချပ်သတင်းစာနကသ(မြဝတီ)