ဂျပန်နိုင်ငံမှာ အခြေကျနေထိုင်ကြတဲ့ နိုင်ငံခြားသား တွေအတွက် ဒီဇိုင်းဆွဲထားတဲ့ တစ်ကိုယ်ရေသုံး ကွန်ပျူတာ (ပီစီ) ကို ကုမ္ပဏီထုတ်လုပ်မယ်လို့ ပင်နာဆိုးနစ်ကုမ္ပဏီက ပြောပါတယ်။ နုတ်ဘုတ်စတိုင်နဲ့ ထုတ်လုပ်တဲ့ Let'snote CF. S10TYUUP ရဲ့ ကီးဘုတ်ကို ဝင်းဒိုးဆဲဗင်း အာလတီ မိတ်က အမေရိကန်စတိုင်နဲ့ ထုတ်လုပ်ပါမယ်။ ဒီဆောဖ့်ဝဲ က ဘာသာစကား ၃၇ ခုကို သုံးလို့ရပါမယ်။ ဒါကြောင့် အသုံးပြုတဲ့သူက ဂျပန်ဘာသာစကားကိုရော မိခင်ဘာ သာစကားကိုပါ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ မိုဒယ်အသစ် ကို နိုဝင်ဘာ ၂၄ ရက်ကစပြီး rakuten.com.jp/ panasonic/ ကနေ မှာယူရရှိနိုင်ပါတယ်။ နိုဝင်ဘာ ၂၈ ရက်စပြီး တင်ပို့ပေးပါမယ်။ ဈေးနှုန်းကအခွန်အပါအဝင် ယန်း ၁၇၉၈၀၀ (၂၃၃၉ ဒေါ်လာ) ဖြစ်ပါတယ်။ Source. ajw.asahi.com
Background
