ထိုင်းနဲ့ ဗီယက်နမ်ခေါင်းဆောင်များ စွမ်းအင်နဲ့ ဆန်ကိစ္စများ ဆွေးနွေးမယ်
ထိုင်းဝန်ကြီးချုပ် ရင်လတ်ဟာ ဗီယက်နမ်ကို သွားရောက်စဉ်အတွင်း သဘာဝဓါတ်ငွေ့ရောင်းချရေး ဆွေးနွေးခဲ့သလို ဆန် ဈေးမြှင့်တင်ရေးမှာလည်းပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေမယ်လို့ နိုင်ငံခြားရေးဝန်ကြီး Surapong Tovichakchaikul မှ ပြောကြားပါတယ်။ ထိုင်းဝန်ကြီးချုပ်ဟာ ဗီယက်နမ်သမ္မတနဲ့ရော ဝန်ကြီးချုပ်နဲ့ပါ ဆွေးနွေးမယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံ စွမ်းအင်ဝန်ကြီးဌာနက ဗီယက်နမ်ဓာတ်ငွေ့များ တင်သွင်းဖို့ စီစဉ်ထားပြီး ဆန်နဲ့ပတ်သက်လို့ ဆန်ဈေးလျော့မကျသွားအောင် ဈေးနှုန်းလျှော့ချယှဉ်ပြိုင်မှု မလုပ်ရေး ဆွေးနွေးဖွယ်ရှိတယ်လို့လည်း ဆိုပါတယ်။ အခြားအကြောင်း အရာများအနေနဲ့ သဘာဝဘေးအန္တရာယ်များ၊ မဲခေါင်မြစ်တစ်လျှောက် သဘာဝဘေးအန္တရာယ် လျှော့ပါးစေရေးမှာ ပူးပေါင်း ဆောင်ရွက်ရေးနဲ့ စားနပ်ရိက္ခာ ဖူလုံရေးများကိုပါ ဆွေးနွေးမယ်လို့ သိရပါတယ်။ လမင်း၊ Source: riceonline
