ပါကစ္စတန်က ဆန်တင်ပို့မှု ရည်မှန်းချက်နဲ့ လွဲချော်နိုင်
လျှပ်စစ်မီး ဆက်လက်ပြတ်လပ်မှုကြောင့် ဆန်လုပ်ငန်းကွင်း ဆက်တစ်လျှောက်လုံးမှာရှိတဲ့ စိုက်ပျိုးထုတ်လုပ် သူများ၊ ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်ရောင်းချသူများနဲ့ ဆန်တင်ပို့ သူများကို ထိခိုက်နိုင်ပြီး၊ အမှာအော်ဒါများကို ပြည့်ဝစွာ ဖြည့်ဆည်းမပေးနိုင်တဲ့အတွက် ပါကစ္စတန်နိုင်ငံမှ ဆန်တင်ပို့ဖို့ ရည်မှန်းထားတဲ့ တန်ချိန် ၄ သန်းနဲ့ လွဲချော်နိုင် တယ်လို့ သိရပါတယ်။ နိုင်ငံပေါင်း ၁၀၀ ကျော်ကို တင်ပို့နေတာဖြစ်လို့ မိမိတို့ဆန်ကို ဝယ်လိုအား မြင့်နေပေမယ့်လည်း စွမ်းအင်ပြဿနာကြောင့် တင်ပို့မှုရည်မှန်းချက်နဲ့ လွဲချော်နိုင်တယ်လို့ ပါကစ္စတန် ဆန်တင်ပို့သူများအသင်း REAP မှ ပြောကြားပါတယ်။ ဘာစမာတီဆန်နဲ့ ဘာစမာတီမဟုတ်တဲ့ ဆန်ကဏ္ဍ များမှာ အိန္ဒိယက ဈေးလျှော့ရောင်းချနေတဲ့အတွက် ယှဉ်ပြိုင် နိုင်မှု ခဲယဉ်းတဲ့အခြေအနေနဲ့ ရင်ဆိုင်ရတာကြောင့်လည်း ဆန်တင်ပို့သူတွေဟာ ငွေကြေးဆုံးရှုံးမှုကြီးကြီးမားမားကြုံတွေ့ နိုင်တယ်လို့ REAP ဒုတိယဥက္ကဋ္ဌ Safdar Hussain Mehkri ကပြောကြားပါတယ်။အစိုးရအနေနဲ့ဆင်းနဲ့ ပန်ဂျပ် ပြည်နယ်တို့မှာရှိတဲ့ ဆန်စက်များအတွက် လျှပ်စစ်မီးပုံမှန်ရရှိဖို့ အစိုးရကို တောင်းဆိုထားကြောင်းလည်း ပြောကြားပါတယ်။ အိန္ဒိယနိုင်ငံမှ ဘာစမာတီမဟုတ်တဲ့ ဆန်တင်ပို့မှု ပြန် လည်ခွင့်ပြုခဲ့တဲ့အပြင် လွန်ခဲ့တဲ့ ၃ လအတွင်း အိန္ဒိယ ငွေ ကြေးတန်ဖိုးမှာ ၁၅ ရာခိုင်နှုန်းကျော်ကျဆင်းပြီး၊ ကာလတို အတွင်းမှာလည်း နောက်ထပ် ၅ ရာခိုင်နှုန်း မှ ၈ ရာခိုင်နှုန်းထိ ကျဆင်းဖွယ်ရှိတယ်လို့ သိရပါတယ်။ အကျိုးဆက်အနေနဲ့ နိုင်ငံတကာ ဆန်ဈေးကွက်မှာ ပါကစ္စတန်ဆန်တင်ပို့သူများကို ယှဉ်ပြိုင်နိုင်မှု ကျဉ်းမြောင်းလာစေပါတယ်။ ဒါကြောင့် ဆန်လုပ်ငန်းအဆင်ပြေစေဖို့ အောက်တိုဘာ လမှ မတ်လအတွင်း လျှပ်စစ်မီးအားရရှိဖို့ အထူးဦးစားပေး သင့်တယ်လို့ ဆိုပါတယ်။ ဆန်လုပ်ငန်းမှ တစ်နှစ်ကို နိုင်ငံခြား ဝင်ငွေ ကန်ဒေါ်လာ ၂ ဘီလီယံကျော် ရရှိနေတယ်လို့ ဆိုပါတယ်။ လက်ရှိဘဏ္ဍာနှစ် (ဇူလိုင်လမှ အောက်တိုဘာလ) အတွင်း ပါကစ္စတန်က ဆန်တန်ချိန် ၈၆၁၉၅၇ တင်ပို့ပြီးဖြစ် လို့ ယခင်နှစ်ကာလတူ တင်ပို့ခဲ့တဲ့တန်ချိန် ၉၇၆၉၅၇ ထက် လျော့ကျကြောင်း သိရပါတယ်။ လမင်း Source: riceonlline
