အပေါင်ခံရေးအစီအစဉ်အရ လယ်သမားအချို့ကို ကိုယ်ပိုင်သိုလှောင်ရုံများမှာ ဆန်သိုလှောင်ခွင့်ပြုဖို့ BAAC မှ ဆုံးဖြတ်

                စိုက်ပျိုးရေးနဲ့ စိုက်ပျိုးရေးဆိုင်ရာ ထုတ်ကုန်သမဝါယမများဘဏ် (BAAC)မှ အစိုးရအပေါင်ခံ အစီအစဉ် မှာပါဝင်တဲ့ လယ်သမားများကို ၎င်းင်းတို့ကိုယ်ပိုင် သိုလှောင်ရုံတွေမှာ ဆန်သိုလှောင်ဖို့ ခွင့်ပြုကြောင်း သိရပါတယ်။ လယ်သမားများကို ထောက်ပံ့မှုပေးတဲ့ အစီအစဉ်မှာ ပိုမိုအဆင်ပြေစေဖို့ BAAC ဘုတ်အဖွဲ့မှ သဘောတူခဲ့ခြင်း ဖြစ်တယ်လို့ ဘဏ်ဒုတိယဥက္ကဋ္ဌ Boonchuay Chiadamrongchai  မှ ပြောကြားခဲ့တာဖြစ်ပါတယ်။                 နိုင်ငံမြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းမှ လယ်သမားများဟာ ဒီဇင်ဘာလ ၁ ရက်မှ ဖေဖော်ဝါရီလ ၂၉ ရက်ထိ စတင်မယ့် အဲဒီ့စည်းမျဉ်းသစ်ကို ကျေနပ်နှစ်သက်ကြကြောင်းလည်း ၎င်းင်းက ပြောကြားပါတယ်။ ယင်းဘဏ် ဟာ အဲဒီတောင်သူများထံက ဆန်တန်ချိန် ၁ သန်းဝယ်ယူဖို့ ရည်မှန်းထားခြင်းဖြစ်ပါတယ်။ အစိုးရထံမှာ အပေါင်ခံထားပြီး၊ နောက် ၄ လအတွင်း လယ်သမားများဟာ ၎င်းင်းတို့ဆန်ကို ပြန်ရွေးနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ယေဘုယျအားဖြင့် တောင်သူတွေဟာ ဈေးကွက် ပေါက်ဈေးထက် အစိုးရထံက ဈေးမြင့်ရရှိထားပြီးဖြစ်လို့ အဲဒီလိုပြန်ရွေးတာတွေ မလုပ်ဘူးလို့ဆိုပါတယ်။ ဆန်စက်များက ဆန်စပါးထောက်ပံ့မှု အစီအစဉ်မှာ ပါဝင်မှုနည်းတဲ့အတွက် ယခုလို စည်းမျဉ်းအသစ်ကို ထုတ်ပြန်ခြင်း ဖြစ်ပါတယ်။ အစောပိုင်းက အစိုးရဟာ တောင်သူလယ်သမားများကို ဆန်စက်များမှတစ်ဆင့် ရောင်းချဖို့ ဖြစ်ပြီး၊ ဆန်စက်များရဲ့ သိုလှောင်ရုံမှာ သိုလှောင်ထားဖို့ စပါးတန်ချိန် ၂၅ သန်း ဝယ်ယူဖို့ ရည်မှန်းခဲ့တာဖြစ်ပါတယ်။                   လယ်သမား ၃၄၁၄၉၆ ဦးရဲ့ လယ်မြေများ ရေနစ်မြုပ်မှုအတွက် ဆုံးရှုံးနစ်နာကြေးအဖြစ် အစိုးရထောက်ပံ့မှုကို BAAC မှ တစ်ဆင့် ဘတ် ၆ ဒသမ ၇၄ ဘီလီယံ (ကန်ဒေါ်လာ သုည ဒသမ ၂၁၆ ဘီလီယံ)ရရှိမှာဖြစ်လို့ တောင်သူ တစ်ဦးကို ပျက်စီးတဲ့ဆန် တစ်တန် ဘတ် ၁၄၃၇(ကန်ဒေါ်လာ ၄၆) လျော်ကြေးရရှိမှာဖြစ်ပါတယ်။ လဝန်း၊Source: riceonline