ယခင်တုန်းက အပေါင်ခံထားသောဆန်ဟောင်းများကို တိရစ္ဆာန်အစာအတွက် ထိုင်းနိုင်ငံမှလေလံတင်

                   ထိုင်းနိုင်ငံမှ တိရစ္ဆာန်အစာအတွက် ပျက်စီးတဲ့ဆန် တန်ချိန် ၉၂၀၀၀ ခန့် လေလံတင်ရောင်းချဖို့စီစဉ်ကြောင်း၊ စီးပွားကူးသန်းဝန်ကြီးဌာနမှ ပြောကြားပါတယ်။ အဲဒီဆန်ထဲ မှာသဘာဝဘေးကြောင့်ပျက်စီးထားတဲ့၂၀၀၈-၂၀၀၉ အပေါင် ခံ အစီအစဉ်နဲ့ရရှိတဲ့ အမျိုးအစား အမျိုးမျိုးပါဝင်တဲ့ ဆန်တန်ချိန် ၆၇၀၀၀ နဲ့ ၂၀၀၅ မှ ၂၀၀၇ အထိ အပေါင်ခံ အစီအစဉ်အရ သိုလှောင်ထားတဲ့ ဆန်ဖြူနဲ့ဆန်မွှေး ဒုတိယ အဆင့် တန်ချိန် ၂၅၀၀၀ ပါဝင်တယ်လို့ သိရပါတယ်။ ယင်းဆန်များဟာ နိုင်ငံရဲ့မြောက်ပိုင်း၊ အရှေ့မြောက် ပိုင်းနဲ့ အလယ်ပိုင်းဒေသများမှ ပြည်နယ် ၅ ခုမှာရှိတဲ့ အစိုးရ သိုလှောင်ရုံများမှာရှိပြီး ဆန်ကုန်သည်များ၊ တိရစ္ဆာန်အစာ ထုတ်လုပ်သူများ၊ အသေးစားမွေးမြူရေးသမားများ၊ စိုက်ပျိုး ရေး တက္ကသိုလ်နဲ့ မွေးမြူရေးသမဝါယမများအပါအဝင် စိတ်ကျေနပ်ဖွယ်ကောင်းတဲ့ဝယ်လက်များကိုလေလံတင် ရောင်းချ သွားမယ်လို့ဆိုပါတယ်။ လေလံအောင်သူများကို နိုဝင်ဘာလ ၂၉ ရက်မှာ ကြေညာသွားမှာဖြစ်ပြီး၊ တန်ချိန် ၂၀၀၀၀ ထက် နည်းတဲ့ လေလံအောင်သူများအနေနဲ့ စာချုပ်ပြီး ၃၀ ရက် အတွင်းဆန်များထုတ်ယူရမှာဖြစ်ပြီး၊ အဲဒီထက်ပမာဏ များ တဲ့သူများကတော့ ရက် ၆၀ မှ ၉၀ အတွင်း ထုတ်ယူရမယ်လို့သိရပါတယ်။ လမင်း Source: oryza.com