ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ မတ်ပဲ အရောင်းအဝယ်အေးနေပါတယ်။ နိုဝင်ဘာလ ၂၅ ရက်မှ ဒီဇင်ဘာလ ၁ ရက်အတွင်း မတ်ပဲ SQ၊ FAQ တန်ချိန် စုစုပေါင်း ၃၇၀၀ ခန့်သာ အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ အိန္ဒိယပဲဈေးကွက်မှာ ကုမ္ပဏီတစ်ခုမှ ဒေဝါလီခံလိုက်တဲ့ ကိစ္စနဲ့ ပတ်သက်လို့ ဝယ်ယူမှုနည်းတဲ့အတွက် အရောင်းအဝယ်ဖြစ်မှုလည်းနည်းတာ ဖြစ်ခဲ့ပါတယ်။ အရောင်းအဝယ်နည်းသလို ဈေးပြောင်းလဲမှုလည်း ကွာခြားမှုကြီးမား ခဲ့ပါတယ်။ မတ်ပဲဈေးကွက်ပြန်ကောင်းလာဖို့ အချိန်ယူရအုံးမယ်လို့ ကုန်သည်များက ခန့်မှန်းကြပါတယ်။ FOB ဈေးကွက်မှာ သိသိသာသာ ဈေးပြောင်းလဲလာတဲ့ မတ်ပဲ ဈေးကို နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်။ ဒေါ်လာ/တန် မတ်ပဲ(FAQ) မတ်ပဲ(SQ)၂-၁၂-၁၁ ၅၇၀-၅၉၀ ၆၂၀-၆၄၀၂၅-၁၁-၁၁ ၆၀၀-၆၂၀ ၆၅၀-၆၇၀MIRT(MAPT)
Background