Main menu

Background

FOB ပဲစင်းငုံ အရောင်းအဝယ်နည်းပေမယ့် ဈေးငြိမ်

Sun, 12/04/2011 - 10:52 -- Anonymous (not verified)

               ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခင်တစ် ပတ်က အရောင်းအဝယ် သွက်ခဲ့ပေမဲ့ ယခုတစ်ပတ်မှာတော့ တန်ချိန် ၄၇၀၀ ကျော်သာ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ အိန္ဒိယပြည်တွင်း ဈေးကွက်တွေ မှာ ပဲစင်းငုံအသစ် အချို့ဝင်ရောက်လာပြီဖြစ်သလို ဝယ်လိုအားနည်းလို့ ဈေးကျလာ တာကြောင့် ရန်ကုန် ဈေးကွက်မှာလည်း အရောင်းအဝယ်နည်းသွားခြင်း ဖြစ်ပါတယ်။ ယခုရက်ပိုင်း အဝယ်သိပ်မလိုက်ပေမဲ့ပဲစင်းငုံ အသစ်ကိုတော့အိန္ဒိယ ဘက်က ဝယ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။               ပဲစင်းငုံအရောင်းအဝယ်ဖြစ်တဲ့ ဈေးအနေနဲ့ ပြည်တွင်းဈေးအပြောင်းအလဲ နည်းသလို FOB ဈေးမှာလည်း ပြောင်းလဲမှု မများကြောင်း သိရပါတယ်။                         ဒေါ်လာ/တန်                      ပဲစင်းငုံနီ        ဖြူနီ            ငုံနီ(အဟောင်း)၂-၁၂-၁၁       ၅၄၀-၅၆၀    ၄၄၀-၄၆၀         ၅၃၀-၅၅၀၂၅-၁၁-၁၁    ၅၄၀-၅၆၀     ၄၄၀-၄၆၀         ၄၄၀-၄၆၀MIRT(MAPT)