ပင်လယ်ရေကြောင်းက ပဲလွန်းဖြူတင်ပို့ရာမှာ ယခင်သီတင်းပတ်က တန်ချိန် ၃၂၀ ကျော်ရှိခဲ့ရာမှ ယခု သီတင်းပတ် (နိုဝင်ဘာလ ၂၁ ရက်မှ ၂၅ ရက်)အတွင်းမှာတော့ တန်ချိန် ၁၆၀ ခန့် တင်ပို့မှုရှိခဲ့ပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ ထိုင်း၊ ဗီယက်နမ်နဲ့ စင်ကာပူတို့ဖြစ်ပါတယ်။ လက်ရှိ ဘဏ္ဍာနှစ် နိုဝင်ဘာလ ၂၅ ရက်အထိ စုစုပေါင်း ပြည်ပတင်ပို့မှုမှာ တန်ချိန် ၁၆၇၀၀ ခန့်ရှိပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၁၅ သန်းကျော်ရရှိလို့ ယခင် ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ် ကာလတူ အတွင်း တင်ပို့ခဲ့တဲ့ ပမာဏနဲ့ ကွာခြားမှု မရှိပေမဲ့ ဝင်ငွေမှာ ကန်ဒေါ်လာ ၁၄ သန်းသာရရှိခဲ့လို့ ယခုနှစ်မှာ ၁ သန်း ကျော်ပိုမိုခဲ့ပါတယ်။ ရန်ကုန် FOB ဈေးကွက်မှာ အရောင်းအဝယ်ဖြစ်မှုအနေနဲ့ ယခု တစ်ပတ်မှာ တန်ချိန် ၃၇၅ တန်ရှိခဲ့ပါတယ်။ နိုဝင်ဘာလ တစ်လလုံးအတွင်း အရောင်းအဝယ်စာချုပ်ချုပ်ဆိုမှု တန်ချိန် ၁၃၇၀ ခန့်ရှိတာ တွေ့ရပါတယ်။ရန်ကုန် FOB ဈေးအနေနဲ့ ယခင် သီတင်းပတ်ဈေးအတိုင်းပြောင်းလဲခြင်း မရှိဘဲ FAQ တစ်တန် ကန်ဒေါ်လာ ၇၉၀-၈၁၀ နဲ့ SQ တစ်တန် ကန် ဒေါ်လာ ၉၀၀-၉၂၀ ရှိကြောင်းသိရပါ တယ်။ MIRT(MAPT)
Background