Main menu

Background

ပြည်ပဲလွန်းဖြူသစ် ဈေးကွက်စဝင်

Sun, 12/04/2011 - 11:02 -- Anonymous (not verified)

                  ပြည်ပွဲရုံများကို ရွှေတောင်မြို့နယ်မှ ပဲလွန်းဖြူအသစ်များ ဝင်စပြု နေပြီး၊ ပဲတစ်တင်း အဖွင့်ဈေးမှာ ၁၅၀၀၀ ကျပ်ဖြစ်ကြောင်းသိရပါတယ်။ အဝင် နည်းနေသေးသလို အရောင်း အဝယ်ကလည်း အေးနေလို့ မြို့တွင်း ဝယ်လက်အနည်းငယ်သာရှိတယ်လို့ သိရပါတယ်။ ယခင်နှစ်က နိုဝင်ဘာ လလယ်မှာ ပဲဟောင်းတစ်တင်း ၃၀၀၀၀ ကျပ်ဈေး ပိတ်ခဲ့ပြီး၊ ဒီဇင်ဘာ လလယ် ပဲသစ်ပေါ်ချိန်မှာတော့ တစ်တင်း ၂၃၀၀၀ ကျပ်ဈေးဖွင့်ခဲ့တယ် လို့ သိရပါတယ်။ မိမိအေး