Main menu

Background

ယခုတစ်ပတ် ပဲတီစိမ်း FOB စာချုပ် ချုပ်ဆိုမှုနည်း

Sun, 12/04/2011 - 11:06 -- Anonymous (not verified)

             ရန်ကုန် FOB ဈေးကွက်မှာ ယခုတစ်ပတ် (နိုဝင်ဘာလ ၂၅ ရက်မှ ဒီဇင်ဘာလ ၁ ရက်)အတွင်း ပဲတီစိမ်း တန်ချိန်၁၂၀၀ ခန့်သာ စာချုပ်ချုပ်ဆို အရောင်းအဝယ်ဖြစ်ခဲ့လို့ ယခင်တစ်ပတ်ထက်လျော့နည်းရောင်းဝယ်ခဲ့ပါတယ်။ အိန္ဒိယ ဝယ်လက်အချို့မှ အရည်အသွေးကောင်းတဲ့ ပခုက္ကူ၊ အောင်လံဘက်က ပဲတီစိမ်းအသစ်များ ဝယ်ယူမှုရှိတယ်လို့ သိရပါတယ်။လတ်တလောမှာ အိန္ဒိယဈေးကွက်တွေမှာ အိန္ဒိယထွက် ပဲတီစိမ်းအသစ်တွေ ဝင်ရောက်နေဆဲဖြစ်လို့ ဝယ်လိုအားနည်းနေပေမဲ့ လာမယ့်ရက်တွေမှာတော့ အရည်အသွေးကောင်းတဲ့ ပဲတီစိမ်းများ အဝယ်လိုက်လာနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ရန်ကုန် FOB ဈေးမှာ ပြောင်းလဲခြင်းမရှိဘဲ ဒီဇင်ဘာလ ၂ ရက်နေ့မှာလည်း FAQ(အညာ) တစ်တန် ကန်ဒေါ်လာ ၇၀၀-၇၂၀၊ ပခုက္ကူ တစ်တန် ကန်ဒေါ်လာ ၇၂၀-၇၄၀ နဲ့ ရွှေဝါအကြီး တစ်တန် ကန်ဒေါ်လာ ၈၆၀-၈၈၀ အသီးသီးရှိကြောင်းသိရပါတယ်။MIRT(MAPT)