Main menu

Background

မြန်မာ၊ သြစတြေးလျနှင့် ကနေဒါတို့မှ တင်သွင်းသည့်ပဲများ ဈေးမြင့်လာနိုင်၍ အိန္ဒိယပြည်တွင်း ကုလားပဲဈေးနှုန်းလည်း မြင့်လာနိုင်

Sun, 12/04/2011 - 11:20 -- Anonymous (not verified)

                  ယခုရက်ပိုင်းအတွင်း အိန္ဒိယပဲမျိုးစုံဈေးကွက်မှာ ကုလားပဲဈေးနှုန်း အားနည်း နေချိန်မှာ အိန္ဒိယရူပီးတန်ဖိုး ကျဆင်းလာခြင်းက ဈေးနှုန်းကို ပိုမိုဖိအား ဖြစ်စေတယ်။ ဒါပေမဲ့ ဒီလိုဈေးနှုန်းကျဆင်းလာခြင်းက ဝယ်လိုအားကို ပိုမိုဆွဲဆောင်နိုင်ပြီး ဈေးနှုန်းကျဆင်းမှုကို အထိန်းအကွပ်ဖြစ်စေတဲ့အပြင် မကြာမီကာလအတွင်း ဈေးနှုန်းပြန်လည် မြင့်မားလာမယ်လိ့ု ခန့်မှန်းကြတယ်။                  ဒါ့အပြင် ဆောင်းသီးနှံတွေအတွက် အနိမ့်ဆုံးထောက်ပံ့ပေးတဲ့ ဈေးနှုန်း (MSP)ကို တစ်ကွမ်တယ်လ်(၁၀၀Kg)မှာ ၂၁၀၀ ရူပီးမှ ၂၈၀၀ရူပီးအထိ ၃၃ ရာခိုင်နှုန်း မြှင့်တင်ပေးလိုက်ခြင်းကလည်း မကြာမီကာလ အတွင်း ကုလားပဲ ဈေးနှုန်းကို မြင့်မားစေမယ့် အထောက်အပံ့ဖြစ်တယ်လို့ ဆိုကြတယ်။ ရာဂျက်စသန်နဲ့ အန်ဒရာပရာဒေ့ရှ်ပြည်နယ်တွေမှာ ယခုနှစ်ကုလားပဲစိုက်ပျိုး ဧရိယာကယခင်နှစ်အလားတူကာလနဲ့ ယှဉ်ရင်လျော့ကျ သွားရာ ထွက်နှုန်း ကျဆင်း မယ် ခန့်မှန်းခြင်းကလည်း ဈေးနှုန်းကိုမြင့်မားစေမယ့် အလားအလာဖြစ်တယ်။ အိန္ဒိယမှာသာမက ကုလားပဲကို အဓိကထားစိုက်ပျိုးတဲ့ မြန်မာ ၊ သြစတြေးလျ နဲ့ ကနေဒါတို့မှာလည်း ရာသီဥတုဆိုးဝါးမှု ကြောင့် ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်မှု ကျဆင်းဖွယ်ရှိကြောင်း၊ ၎င်းင်းနိုင်ငံတွေမှ တင်သွင်းတဲ့ပဲတွေဈေးမြင့် လာနိုင်ရာ အိန္ဒိယ ပြည်တွင်းကုလားပဲဈေးနှုန်းလည်း မြင့်လာနိုင်ကြောင်း ကုန်သည်တွေက သုံးသပ်ကြတယ်။ Source:commodityonline.com၊ ပပ