Main menu

Background

ပြင်ပပေါက်ဈေးနှင့် ငွေလဲစင်တာများ၏ ငွေလဲဈေးနှုန်းများ ကွာဟလျက်ရှိ

Mon, 12/05/2011 - 06:05 -- Anonymous (not verified)

                    ယခုတစ်ပတ်တွင် အမေရိကန် ဒေါ်လာငွေများလဲလှယ်ရာတွင် ငွေလဲစင်တာများတွင် တရားဝင်လဲလှယ်၍ ရသည့်ဈေးထက် ပြင်ပတွင်လဲလှယ်၍ ရသည့်ဈေးမှာ ကွာဟချက်များ ရှိနေကြောင်း သိရသည်။                  ထိုကဲ့သို့ဖြစ်ရခြင်းမှာ ငွေလဲစင်တာ များတွင် ငွေလဲလှယ်ရာတွင် အကန့် အသတ်များ များပြားစွာရှိနေခြင်း၊ ကိုယ်တိုင်လာရောက်ရောင်းချမှ ရခြင်း၊ လွှဲစာများပြုလုပ်ရခြင်းစသည့် အကန့် အသတ်များရှိနေခြင်းကြောင့် အမေရိ ကန်ဒေါ်လာ ရောင်းဝယ်သူများမှာ ပြင်ပတွင်သာ အရောင်းအဝယ်ပိုများ နေကြောင်း သိရသည်။                   အမေရိကန်ဒေါ်လာ ဈေးကွက်မှာ ပြီးခဲ့သည့် ရက်သတ္တပတ်က ဝယ်ဈေး ၇၉၂ ကျပ်၊ ရောင်းဈေး ၈၀၅ကျပ်ဖြင့် ဈေးပိတ်ခဲ့သော်လည်း နိုဝင်ဘာ ၂၈ ရက် ဈေးဖွင့်ချိန်တွင် ရောင်းဈေးမှာ ၈၀၇ ကျပ်၊ ဝယ်ဈေး ၇၉၅ ကျပ်ဖြင့် အနည်းငယ်မြင့်တက်ခဲ့တာကို တွေ့ရသည်။ နိုဝင်ဘာ ၂၉ရက်တွင် ရောင်း ဈေး ၈၁၀ ကျပ် ဝယ်ဈေး ၇၉၅ ကျပ်ရှိ ခဲ့ရာ အဆိုပါဈေးနှုန်းမှာ ဒီဇင်ဘာ ၁ ရက်အထိတည်ငြိမ်နေခဲ့ကြောင်း တွေ့ရ သည်။ နိုဝင်ဘာ ၂ ရက်တွင် ရောင်းဈေး ၈၀၅ ကျပ်သို့ ကျဆင်းခဲ့သလို ဝယ်ဈေးမှာလည်း ၇၉၀ကျပ်သို့ကျဆင်း လာခဲ့သည်ကို တွေ့ရသည်။                    ပြင်ပပေါက်ဈေးတွင်မူ တစ်ပတ် အတွင်း အတက်အကျများ ဖြစ်ပေါ်ခဲ့ သည်ကို တွေ့ရှိရသည်။ နိုဝင်ဘာ ၂၉ ရက်က ပြင်ပဈေးကွက်တွင် ရောင်း ဈေး အမေရိကန် တစ်ဒေါ်လာလျှင် ၇၉၀ကျပ်ရှိပြီး ဝယ်ဈေးမှာ ၇၈၇ ကျပ် ရှိခဲ့သည်။ အက်ဖ်အီးစီတစ်ယူနစ် လျှင် ရောင်းဈေး ၇၈၈ ကျပ်ရှိပြီး ဝယ်ဈေး ၇၈၅ကျပ် ရှိခဲ့သည်။                     ပြင်ပငွေကြေးဈေးကွက်တွင် နိုဝင် ဘာ ၂၉ ရက်တွင် ရောင်းဈေး ၇၉၃ ကျပ်သို့ အမြင့်ဆုံးရောက်ရှိခဲ့ပြီး ဒီဇင်ဘာ ၁ရက်နှင့် ၂ရက်တို့တွင် ရောင်း ဈေး ၇၈၀ကျပ်ရှိခဲ့ပြီး ဝယ်ဈေးမှာ ကျပ် ၇၇၀ သို့ ပြန်လည်ကျဆင်းခဲ့သည်။ ထိုကဲ့သို့ဖြစ်ရခြင်းမှာ ပြင်ပတွင် ငွေအရောင်းအဝယ်များ များပြားစွာ ဖြစ်ပေါ်နေသဖြင့် ငွေလဲလှယ်မှုနှုန်း များ တည်ငြိမ်မှုမရှိခဲ့ခြင်းဖြစ်ကြောင်း ပြင်ပပွဲစားတစ်ဦးက သုံးသပ်ပြခဲ့သည်။ ထို့ပြင် ယခုတစ်ပတ်တွင် ပို့ကုန် ဝင်ငွေဈေးနှုန်းမှာလည်းတစ်ပတ်အတွင်း ၈၄၅ ကျပ်အထိ အမြင့်ဆုံးရောက်ရှိခဲ့ သည်ကို တွေ့ရသည်။                ပို့ကုန်ဝင်ငွေဈေးနှုန်းများ ယခုတစ်ပတ်အတွင်း မြင့်တက်ရခြင်းမှာ ပို့ကုန် သမားများကလည်း ကျောက်မျက် သမားများထံမှဝယ်ယူနေခြင်း၊ကျောက်မျက် ကုန်သည်များကလည်း ၎င်းတို့ စုဆောင်းထားသော ပို့ကုန်ဝင်ငွေများ ကို ရောင်းချနေခြင်းတို့ကြောင့် ဖြစ်ရကြောင်း ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။                 ပို့ကုန်ဝင်ငွေဈေးနှုန်းသည် နိုဝင် ဘာ ၂၈ရက်က ၈၃၈ကျပ်ရှိခဲ့ သော် လည်း နိုဝင်ဘာလ ၃၀ ရက်တွင် ၈၄၅ ကျပ်သို့မြင့်တက်ခဲ့သည်။ ထို့နောက် ဒီဇင်ဘာ ၁ရက်နှင့် ၂ရက်တု့ိတွင် ပြန် ကျခဲ့ရာ ဒီဇင်ဘာ ၂ရက် ဈေးပိတ်ချိန် တွင် ၈၃၆ ကျပ်ဖြင့် ဈေးပိတ်ခဲ့သည်ကိုတွေ့ရသည်။ MTD, KM2O