ပင်လယ်ရေကြောင်းမှ နို့ဆီ/နို့စိမ်း တန် ၆၀၀ ကျော်ဝင် နိုဝင်ဘာ ၂၀ ရက်မှ ၂၆ ရက်တာ ကာလအတွင်း နို့ဆီ ၂၃၄ ဒသမ ၇၈ တန်နဲ့ နို့စိမ်း ၃၇၆ ဒသမ ၂၅ တန်၊ စုစုပေါင်း ၆၁၁ ဒသမ ၀၃ တန်၊ တန်ဖိုး အားဖြင့် ကန်ဒေါ်လာ ငါးသိန်းရှစ် သောင်းကျော်ဖိုးကို တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ နို့ဆီ/နို့စိမ်းများမှာ အိုကေတံဆိပ်နဲ့အခြားတံဆိပ်မျိုးစုံ တင် သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ်နို့ဆီ တင်သွင်းမှုမှာ တန်ချိန် လေးရာကျော် ရှိခဲ့ပြီး ဒီတစ်ပတ်အဝင်နဲ့ယှဉ်ရင် တန် ချိန် တစ်ရာ့ခုနစ်ဆယ်ကျော်လောက် လျော့နည်းခဲ့ပါတယ်။ နို့စိမ်းက ယခင်သီတင်းပတ်တန်ချိန် တစ်ရာကျော်သာ ဝင်ခဲ့တာမို့ ဒီတစ်ပတ်မှာတန်ချိန် နှစ်ရာ့ ခုနစ်ဆယ်ကျော် ပိုမိုတင်သွင်းခဲ့တာတွေ့ရပါတယ်။ ယခင်သီတင်းပတ် နို့ဆီ/နို့စိမ်း စုစုပေါင်းအဝင်မှာ တန်ချိန် ငါးရာကျော်ရှိခဲ့ပြီး ဒီတစ်ပတ်အဝင် စုစုပေါင်းမှာ တန်ချိန်ခြောက်ရာကျော် ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ နို့ဆီ/ နို့စိမ်း တန်ချိန် တစ်ရာနီးပါး အဝင်ပိုခဲ့ပါတယ်။ နို့မှုန့်က ယူကေ၊ ထိုင်း၊ မလေးရှား၊ နယူးဇီလန်၊ သြစတြေးလျ စသည်ဖြင့် နိုင်ငံစုံမှ မှာယူတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ်တန်ချိန် ၅၀ ကျော် သာ တင်သွင်းခဲ့ပြီး ဒီတစ်ပတ်မှာ တန်ချိန် ၁၅၄ တန်ကျော် တင်သွင်းခဲ့တာကြောင့် ဒီ တစ်ပတ်မှာ နို့မှုန့်အဝင် ၃ ဆလောက် ပိုမိုခဲ့ပါတယ်။ MIRT (DOT) နို့ဆီ၊ နို့စိမ်း အသွင်းပိုသလို နို့မှုန့်လည်း အသွင်းရှိ မြန်မာ-ထိုင်းနယ်စပ်ရှိ ကော့သောင်း နယ်စပ်ကုန်သွယ်ရေးစခန်းမှ ယခု အပတ် နိုဝင်ဘာ ၂၃ ရက်မှ ၂၉ ရက် အထိကာလအတွင်း နို့ဆီ ၅၃ ဒသမ ၆၆ တန် (၂၈၃၀တာ) တန်ဖိုး ကန် ဒေါ်လာ သုည ဒသမ ၀၅၁ သန်းဖိုးနဲ့ နို့စိမ်း ၁၀၄ ဒသမ ၂၈ တန် (၅၅၀၀ တာ) တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၁၀၁ သန်းဖိုး တင်သွင်းခဲ့တာ တွေ့ရပါ တယ်။ ယခင်အပတ်ထက် နို့ဆီ တန် ၃၀ ကျော်နဲ့ နို့စိမ်း တန် ၈၀ ကျော် ပိုမိုတင်သွင်းခဲ့ပါတယ်။ဒါ့အပြင် မူဆယ် စခန်းကနေ ယခင်အပတ်က တင်သွင်း နိုင်ခြင်းမရှိတဲ့ လိပ်ပြာနှစ်ကောင်တံဆိပ် နို့မှုန့် ၃၅ ဒသမ ၅ တန်၊ တန်ဖိုး ကန် ဒေါ်လာ သုည ဒသမ ၁၀၁ သန်းဖိုးကို တင်သွင်းခဲ့တာ တွေ့ရပါတယ်။ MIRT (DOBT)ပြည်တွင်း နို့ဆီ လက်လီဈေးများ နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်နို့ဆီလက်လီဈေး ကျပ်/တစ်ဘူး ရန်ကုန် မန္တလေးဒွန်း (နို့ဆီ) ၆၈၀ ၇၀၀ဒွန်း (နို့စိမ်း) ၆၅၀ ၆၅၀Lucky Cow ၅၉၀ -(နို့စိမ်း)MIRT (DOT)
Background