Main menu

Background

အခြားစားဆီဈေး ကျဆင်းခြင်းကြောင့် မလေးရှားစားအုန်းဆီကြမ်းဈေး သုံးပတ်အတွင်း အနိမ့်ဆုံးကိုကျဆင်း

Mon, 12/05/2011 - 07:31 -- Anonymous (not verified)

               အမေရိကန်နိုင်ငံ ချီကာဂိုကုန်စည်ဒိုင်မှာ ပဲပုပ်ဆီကြိုပွိုင့်ဈေး သိသိသာသာ ကျဆင်းသလို တရုတ်နိုင်ငံ ဒေလီယံ ကုန်စည်ဒိုင်မှာလည်း စားဆီဈေးလျော့ကျခြင်း နဲ့အတူ ဥရောပဇုန်ကြွေးမြီ အကျပ်အတည်းနဲ့ပတ်သက်လို့ ရင်းနှီးမြှုပ်နှံသူများ စိုးရိမ်မှုတွေဖြစ်ခဲ့တာကြောင့် မလေးရှားကုန်စည်ဒိုင်မှာ စားအုန်းဆီကြမ်း ကြိုပွိုင့် ဈေးဟာ သီတင်းသုံးပတ်အတွင်း အနိမ့်ဆုံးကို ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ဘာစာမလေးရှားကုန်စည်ဒိုင်မှာ ဖေဖော်ဝါရီလစံနှုန်း စာချုပ်ဈေးဟာ တစ်တန် ရင်းဂစ် ၃၀၁၁ (ကန်ဒေါ်လာ ၉၆၃)ကို နိုဝင်ဘာလ ၁၀ ရက်နောက်ပိုင်း အနိမ့်ဆုံးကို ကျဆင်းခဲ့ပါတယ်။                ဥရောပဇုန်ကြွေးမြီ အကျပ်အတည်းကြောင့် စိုးရိမ်မှုတွေဖြစ်လာပြီး၊ ဝယ်လိုအားနည်းတဲ့အတွက် တစ်တန် ရင်းဂစ် ၃၀၀၀ (ကန်ဒေါ်လာ ၉၅၉)ထိ ကျဆင်း နိုင်တယ်လို့ ကွာလာလမ်ပူအခြေစိုက် ကုန်သည်တစ်ဦးက ဆိုပါတယ်။ ကာလတို အတွင်း စားအုန်းဆီတစ်တန်ရင်းဂစ် ၂၉၉၀ နဲ့ ၃၁၂၀ (ကန်ဒေါ်လာ ၉၅၆-၉၉၇) အတွင်းသာ ရှိနိုင်တယ်လို့လည်း ဘာလီမှာကျင်းပတဲ့ ညီလာခံတစ်ခုမှာ ဟင်းသီး ဟင်းရွက်လေ့လာဆန်းစစ်သူ အကြီးအကဲများဖြစ်တဲ့ Dorab Mistry နဲ့ James Fryတို့ကလည်း ခန့်မှန်းကြပါတယ်။                      ဈေးကွက်အားပျော့လာခြင်းနဲ့အတူ ပဲပုပ်ဆီနဲ့ စားအုန်းဆီဈေး နှစ်ခုအကြား ကွာဟမှုကျဉ်းမြောင်း လာတဲ့အတွက် ပဲပုပ်ဆီကို ပိုမိုဝယ်ယူလာနိုင်ပြီး၊ စားအုန်းဆီ ဝယ်လိုအားလည်း နည်းသွားမယ်လို့ ဆိုပါတယ်။ မလေးရှား ဆိပ်ကမ်းများမှ သန့်စင်ပြီးစားအုန်းဆီဈေးဟာ အာဂျင်တီးနားမှ ပဲပုပ်ဆီကြမ်းဈေးထက် တစ်တန် ကန်ဒေါ်လာ ၃၈ သာ လျော့ကျကမ်းလှမ်းလျက်ရှိရာ ယခင်က တစ်တန် ကန် ဒေါ်လာ ၁၀၀-၁၅၀ထိ ကြီးမားစွာကွာခြားရာမှ ကွာဟမှုနည်းလာခြင်းဖြစ်ပါတယ်။ ကုန်ပစ္စည်းစစ်ဆေးတဲ့ Intertek Agri ဝန်ဆောင်မှု အေဂျင်စီရဲ့ စစ်ဆေးချက် အရ နိုဝင်ဘာလမှာ မလေးရှား စားအုန်းဆီတင်ပို့မှုဟာ ယခင်လထက် ၉ ရာခိုင်နှုန်းကျဆင်းပြီး၊ တစ်တန် ကန်ဒေါ်လာ ၁ ဒသမ ၅၃ သန်းသာ တင်ပို့ခဲ့ပါ တယ်။                       ဒါပေမယ့် လာမယ့်မုတ်သုန်ရာသီမှာ လာနီညာရာသီ ဖြစ်စဉ်ဖြစ်ပေါ်လာနိုင်တဲ့အတွက် မလေးရှားနိုင်ငံမှာ မိုးပိုမိုပြင်းထန်စွာရွာသွန်းပြီး၊စားအုန်းဆီရိတ်သိမ်းမှုကိုနှောင့်နှေးစေ နိုင်သလို ဆီစက်များကို ကြိတ်ခွဲဖို့နဲ့ ဆိပ်ကမ်းများကို သယ်ယူရာမှာလည်း အဟန့်အတား ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။ စားအုန်းဆီကြမ်း ရောင်းချမှု နည်းနိုင် တာကြောင့် ဒီဇင်ဘာလမှာ စားအုန်းဆီဈေးဟာ တစ်တန်ရင်းဂစ် ၃၂၀၀ (ကန်ဒေါ်လာ ၁၀၂၃)အထိ မြင့်တက်နိုင်တယ်လို့ Johor မှ စားအုန်းဆီစိုက်ပျိုးသူ တစ်ဦးက ဆိုပါတယ်။ လက်ငင်းဈေးကွက်အတွင်း ဒီဇင်ဘာလအတွက် သန့်စင်ပြီး၊ စားအုန်း ဆီဈေးဟာ ၅ ဒေါ်လာ လျော့ပြီး၊ မလေးရှား FOB ဈေး တစ်တန်ကန်ဒေါ်လာ ၁၀၆၅ ရှိပါတယ်။ ချက်ချင်းတင်ပို့ရမယ့် စားအုန်းဆီကြမ်း လက်ငင်း ဈေးမှာ ရင်းဂစ် ၅၀ (ကန်ဒေါ်လာ ၁၅ ဒသမ ၉၈)လျော့ကျပြီး၊ တစ်တန်ရင်းဂစ် ၃၀၃၀ (ကန် ဒေါ်လာ ၉၆၉)ဈေး ဖြစ်ခဲ့ပါတယ်။ ယုဇန၊ Source: palmolihq.com