Main menu

Background

ဈေးကွက်က ဈေးနှုန်း (ဓာတ်မြေသြဇာ)

Mon, 12/05/2011 - 07:01 -- Anonymous (not verified)

ဓာတ်မြေသြဇာတန်ချိန် တစ်ထောင့်ကိုးရာကျော်တင်သွင်း                      ဒီသီတင်းပတ်ဖြစ်တဲ့ နိုဝင်ဘာ ၂၀ ရက်မှ ၂၆ ရက်တာကာလအတွင်း ဓာတ်မြေသြဇာ ၁၉၁၄ ဒသမ ၇၆ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ခြောက်သိန်း သုံးသောင်းကျော်ဖိုးကို ရေကြောင်းလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ အစ္စရေးနိုင်ငံမှ ဓာတ်မြေသြဇာ ၁၀၄ ဒသမ ၅၅ တန်၊ ထိုင်းနိုင်ငံမှ ကွန်ပေါင်းမြေ သြဇာ တန်ချိန် ၁၅၃၆ ၊ မလေးရှားနိုင်ငံမှ ဓာတ်မြေသြဇာ ၂၁ ဒသမ ၂၁ တန်၊ ဗီယက်နမ်နိုင်ငံမှ သြဂဲနစ် ၂၀၅ တန်၊ တရုတ်နိုင်ငံမှ ဓာတ်မြေသြဇာ ၄၈ တန် မှာယူတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ်တန်ချိန် ခြောက်ရာနီးပါး တင်သွင်း ခဲ့ပေမဲ့ ဒီတစ်ပတ်မှာတော့ ယခင်တစ်ပတ်တန်ချိန် ထက် ၄ ဆ နီးပါးလောက် ပိုမိုတင်သွင်းခဲ့တာ တွေ့ရပါတယ်။ MIRT (DOT) ယခုတစ်ပတ် နယ်စပ်က ဓာတ်မြေသြဇာ ၁၅၀၀၀ ကျော်သွင်း                     နယ်စပ်စခန်းများဖြစ်တဲ့ မူဆယ်၊ ကော့သောင်းနဲ့ ရိဒ်စခန်းတွေကနေ နိုဝင် ဘာ ၂၃ ရက်မှ ၂၉ ရက်ထိကာလအတွင်း ဓာတ်မြေသြဇာ ၁၅၃၃၇ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၃ ဒသမ ၈၇ သန်းဖိုး တင်သွင်းခဲ့ပါတယ်။ ယခင်အပတ်တင်သွင်းမှု ထက် တန် ၂၀၀၀ ကျော်လျော့နည်းတင်သွင်းခဲ့တာတွေ့ရပါတယ်။ နယ်စပ်အလိုက် တင်သွင်းမှုတွေကတော့ မူဆယ်မှ ၁၅၁၈၇ တန်နီးပါး၊ ကော့သောင်းမှ ၆၂ တန်နဲ့ ရိဒ်မှ ၈၉ တန် အသီးသီးဖြစ်ကြပါတယ်။ ယခုအပတ်မှာ မောင်တောစခန်းကလည်း တင်သွင်းမှုမရှိတာတွေ့ရပါတယ်။ မူဆယ်မှ အများဆုံးတင်သွင်းတဲ့ ဓာတ်မြေသြဇာ တွေကတော့ အမိုးနီးယမ်းနိုက်တြိတ်၊ ကွန်ပေါင်း (၁၀း၁၀း၅)နဲ့ (၁၅း၅း၅)၊ စင်ဂယ် စူပါဖော့စဖိတ်၊ ထရိုင်စူပါဖော့စဖိတ်နဲ့ ယူရီးယားဓာတ်မြေသြဇာတို့ ဖြစ်တယ်လို့ သိရပါတယ်။ MIRT (DOBT)  ဈေးကွက်က ဈေးနှုန်း              ဒေသအသီးသီးရှိ ဓာတ်မြေသြဇာ ဈေးကွက်ပေါက်ဈေးများကို ဖော်ပြလိုက် ပါတယ်   တိုင်းဒေသကြီး/ပြည်နယ်                  အမျိုးအစား               ဈေးနှုန်း(ကျပ်/အိတ်)  ယခင်အပတ်  ပြောင်းလဲမှုယခုအပတ်  ရန်ကုန်တိုင်းဒေသကြီး     (မာလာမြိုင်)  ယူရီးယား(နေရွက်လှေ-တရုတ်)   ၂၂၀၀၀     ၂၃၀၀၀ -   ပိုတက် (ကနေဒါ)   ၂၈၅၀၀   ၂၉၀၀၀   ပိုတက် (ထိုင်း)    ၃၈၀၀၀    ၃၆၅၀၀   မန္တလေးတိုင်းဒေသကြီး  ယူရီးယား(ရွှေတောင်-တရုတ်)    ၂၀၆၀၀ ၂၀၀၀၀   ယူရီးယား(ပန်းဖူး-တရုတ်)    ၂၀၆၀၀  ၂၀၅၀၀   ကွန်ပေါင်း 15:15:15  (တရုတ်)       ၂၈၀၀၀   ၂၆၀၀၀   အာမို(ဒိုင်းမွန်းစတား)    ၃၇၅၀၀    ၃၇၀၀၀  ပဲခူးတိုင်းဒေသကြီး ယူရီးယား (ရွှေတောင်-တရုတ်)    ၂၂၀၀၀   ၂၂၀၀၀   ယူရီးယား (ကမ္ဘာလုံး-တရုတ်)     ၂၂၀၀၀  ၂၂၀၀၀   ယူရီးယား (ပုလဲ-ပန်းဖူး)     ၂၂၅၀၀   ၂၂၅၀၀  တောင်ကြီး  ယူရီးယား-ပုလဲ (ကမ္ဘာလုံး-တရုတ်)    ၂၁၀၀၀   ၂၁၀၀၀   ယူရီးယား-ပုလဲ (ပန်းဖူး-တရုတ်)        ၂၁၅၀၀   ၂၁၅၀၀   ယူရီးယား-ပုလဲ (ရွှေတောင်-တရုတ်)   ၂၁၀၀၀    ၂၁၀၀၀   တီစူပါ-(တရုတ်) 12%    ၁၀၅၀၀    ၁၀၅၀၀   တီစူပါ-(တရုတ်) 16%     ၁၁၀၀၀   ၁၁၀၀၀   တီစူပါ 15:15:15  (တရုတ်)     ၃၇၀၀၀   ၃၅၅၀၀   တီစူပါ 10:10:5 (တရုတ်)    ၁၆၅၀၀   ၁၆၅၀၀   ပိုတက် (တရုတ်)   ၂၃၅၀၀    ၂၇၅၀၀၀   ဓာတ်ဆား (တရုတ်)        ၁၈၀၀၀    ၁၈၅၀၀  မော်လမြိုင်  ပုလဲ(သေး)(ရွှေတုံး 46% တရုတ်)   ၂၃၀၀၀    ၂၃၀၀၀   ပုလဲ(သေး)(ရွှေပျား 46% တရုတ်)     ၂၃၀၀၀   ၂၃၀၀၀   ပုလဲ(သေး)(ရွှေတောင် 46% တရုတ်)    ၂၃၀၀၀   ၂၃၀၀၀   ကွန်ပေါင်း(အစိမ်း)ထိုင်း 15:15:15     ၃၆၅၀၀    ၃၆၅၀၀   ကွန်ပေါင်း(ပန်းရောင်)ထိုင်း 15:15:15          ၃၁၅၀၀    ၃၁၅၀၀   ကွန်ပေါင်း(မြင်းပျံ)ထိုင်း 16:16:8        ၃၁၀၀၀   ၃၁၀၀၀   တီစူပါ (တရုတ်) သံကွင်း 46%        ၂၈၅၀၀   ၂၈၅၀၀    တီစူပါ (တရုတ်) မျှားကမ္ဘာ 16%    ၁၃၀၀၀   ၁၃၀၀၀                                                                         MIRT (MAPT)