Main menu

Background

ပြည်တွင်းဈေးကွက် ဈေးနှုန်း (ဘိလပ်မြေ)

Mon, 12/05/2011 - 07:24 -- Anonymous (not verified)

တစ်ပတ်အတွင်း ထိုင်းနိုင်ငံမှ ဘိလပ်မြေတန်ချိန် ခုနစ်သောင်းကျော်ဝင််                ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ နိုဝင်ဘာ ၂၀ ရက်မှ ၂၆ ရက်တာ ကာလအတွင်း ဘိလပ်မြေတန်ချိန် ၇၃၃၀၄ ဒသမ ၄၁ ၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ခြောက်ဆယ့်သုံးသိန်းကျော်ဖိုးကို တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ထိုင်းနိုင်ငံထုတ် ဘိလပ်မြေတစ်မျိုးသာ တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ ဘိလပ်မြေများမှာ စိန်တံဆိပ်ဘိလပ်မြေ တန်ချိန် ၁၆၂၉ ဒသမ ၅၀ ၊ ဆင်တံဆိပ်ဘိလပ်မြေ ၆၃ တန်နဲ့ အခြားတံဆိပ်ဘိလပ်မြေမျိုးစုံ ၇၁၆၁၁ ဒသမ ၉၁ တန်တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် တန်ချိန် ခြောက်သောင်းကျော် တင်သွင်းခဲ့တဲ့ ဘိလပ်မြေက ဒီသီတင်းပတ် ဘိလပ်မြေအဝင်နဲ့ ယှဉ်ရင် တန်ချိန် ကိုးထောင်ကျော်လောက် ပိုမို တင်သွင်းခဲ့တာတွေ့ရပါတယ်။ ပွင့်လင်းရာသီ ရောက်ရှိခဲ့လို့ ဆောက်လုပ်ရေးလုပ်ငန်း၊ တည်ဆောက်ရေးလုပ်ငန်းများ ပြန်လည်စတင်လုပ်ကိုင ်လာကြသဖြင့် ဘိလပ်မြေ ဖြုန်းအားကောင်းခဲ့ပါတယ်။ ဒါကြောင့် ပြည်တွင်းထုတ်လုပ်မှုသာမက ပြည်ပ ဘက်မှလည်း အင်တိုက်အားတိုက် မှာယူတင်သွင်းခဲ့တာ တွေ့ရပါတယ်။ MIRT(DOT) နယ်စပ်ဘိလပ်မြေ အသွင်း တန် ၂၀၀၀ ကျော်ဝင်                  နိုဝင်ဘာ ၂၃ ရက်မှ ၂၉ ရက်ထိကာလအတွင်း ကန်ပိုက်တီး၊ တာချီလိတ်၊ မြိတ် နယ်စပ်ကုန်သွယ်ရေး စခန်းတွေက ဘိလပ်မြေ ၂၂၈၉ တန်၊ တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၁၈၄ သန်းဖိုး တင်သွင်းခဲ့တာ တွေ့ရပါတယ်။ ယခင်အပတ် ကထက် တန် ၁၀၀ ကျော် ပိုမိုတင်သွင်းခဲ့တာ တွေ့ရပါတယ်။ နယ်စပ်အလိုက် တင်သွင်းမှုတွေကတော့ ကန်ပိုက်တီးမှ ၁၀၅၉ တန်၊ တာချီလိတ်မှ ၁၀၈၀ တန်နဲ့ မြိတ်နယ်စပ်မှ တန် ၁၅၀ တို့ တင်သွင်းခဲ့တာ တွေ့ရပါတယ်။ MIRT(DOBT)ပြည်တွင်းဈေးကွက် ဈေးနှုန်း              ပြည်တွင်းဘိလပ်မြေ လက်ကားဖြန့်ဈေးများမှာ အောက်ပါအတိုင်း ဖြစ်ပါ တယ်  တိုင်းဒေသကြီး/ ပြည်နယ်   အမျိုးအစား           ဈေးနှုန်း(ကျပ်/အိတ်) ယခင်အပတ် ယခုအပတ် ပြောင်းလဲမှု ရန်ကုန်တိုင်းဒေသကြီး  ဘိလပ်မြေ(ဆင်)ထိုင်း     ၄၆၅၀   ၄၆၅၀  (လက်ကား)  ဘိလပ်မြေ (စိန်)    ၄၆၀၀     ၄၆၀၀    ဘိလပ်မြေ (မောင်းတိန်း)    ၄၃၅၀   ၄၃၅၀  မန္တလေးတိုင်းဒေသကြီး  ဘိလပ်မြေ(ဆင်)ထိုင်း     ၅၇၀၀   ၅၇၀၀   ဘိလပ်မြေ (AAA)     ၅၃၀၀    ၅၃၀၀   ဘိလပ်မြေ(မြန်မာဆင်)     ၅၂၀၀   ၅၂၀၀   ဘိလပ်မြေ(ဆင်မင်း)    ၄၅၀၀   ၄၄၀၀   ဘိလပ်မြေ(ကျားခေါင်း)      ၅၂၀၀   ၅၂၀၀   ဘိလပ်မြေ(မြင်းခေါင်း)     ၄၇၀၀   ၄၅၀၀  ပဲခူးတိုင်းဒေသကြီး ဘိလပ်မြေ(ကြံ့) မြိုင်ကလေး    ၄၂၀၀    ၄၂၀၀   ဘိလပ်မြေ(ဆင်)ထိုင်း     ၅၃၀၀   ၅၄၀၀   ဘိလပ်မြေ(စိန်) ထိုင်း    ၅၂၀၀   ၅၃၀၀  တောင်ကြီး  ဘိလပ်မြေ(စိန်)ထိုင်း    ၆၆၀၀   ၆၇၀၀   ဘိလပ်မြေ(ခြင်္သေ့)    ၅၃၀၀   ၅၃၀၀   ဘိလပ်မြေ(မြို့တော်)      -    ၄၄၀၀        -  ဘိလပ်မြေ(နဂါး)    ၅၃၀၀   ၅၄၀၀  မော်လမြိုင်  ဘိလပ်မြေ(ဆင်)ထိုင်း     ၅၄၀၀    ၅၁၅၀   ဘိလပ်မြေ(ကြံ့)မြိုင်ကလေး     ၃၅၀၀   ၃၃၀၀   ဘိလပ်မြေ(စိန်)ထိုင်း    ၅၃၀၀  ၅၂၅၀  မကွေးတိုင်းဒေသကြီး  ဘိလပ်မြေ(ဆင်)ထိုင်း     ၅၄၀၀   ၅၄၀၀   ဘိလပ်မြေ(မြင်းခေါင်း)     ၄၂၀၀   ၄၂၀၀                                                                              MIRT (MAPT)