Main menu

Background

ယခုအပတ် ပင်လယ်ရေကြောင်းမှ နှမ်းတန် ၇၀၀ ကျော်တင်ပို့

Mon, 12/05/2011 - 07:31 -- Anonymous (not verified)

                      ယခင်တစ်ပတ်က ပင်လယ်ရေကြောင်း နှမ်းတင်ပို့မှု တန်ချိန် ၁၂၀၀ ကျော်ထိ ပြန်တိုးတက်ခဲ့ပေမဲ့ ယခုတစ်ပတ် (နိုဝင်ဘာ ၂၁ ရက်မှ ၂၅ ရက်) အတွင်းမှာတော့ တန် ၇၀၀ ခန့်သာရှိပါတယ်။ တင်ပို့တဲ့ နိုင်ငံများကတော့ ဂျပန်၊ ကိုရီယား၊ တရုတ်နဲ့ စင်ကာပူတို့ဖြစ်ပြီး ဂျပန်ကို တန် ၅၀၀ ခန့်နဲ့ အများဆုံးတင်ပို့ခဲ့ပါတယ်။ လက်ရှိဘဏ္ဍာနှစ် ၂၀၁၁-၂၀၁၂ နိုဝင်ဘာလ ၂၅ ရက်အထိ စုစုပေါင်း နှမ်းတင်ပို့မှုမှာ တန်ချိန် ၇၅၂၀၀ ကျော်ရှိပြီး ဝင်ငွေမှာ ကန်ဒေါ်လာ ၁၀၅ သန်းကျော်ရှိပြီဖြစ်ကြောင်း သိရပါတယ်။ ယခင် ဘဏ္ဍာနှစ် ကာလတူအတွင်း တန်ချိန် ၅၅၄၀၀ ခန့်နဲ့ ဝင်ငွေ ကန်ဒေါ်လာ ၇၇ သန်းကျော်ရရှိခဲ့တယ်လို့ သိရပါတယ်။ FOB ဈေးများအနေနဲ့ ပြောင်းလဲခြင်းမရှိဘဲ သိပ္ပံနှမ်းနက် တစ်တန် ကန်ဒေါ်လာ ၁၈၀၀-၁၉၀၀၊ နှမ်းနက်ရိုးရိုး တစ်တန် ကန်ဒေါ်လာ ၁၄၅၀-၁၅၀၀၊ နှမ်းဖြူမှာ ကန်ဒေါ်လာ ၁၃၀၀-၁၃၅၀၊ နှမ်းနီနဲ့ နှမ်းညိုမှာ ကန်ဒေါ်လာ ၁၂၂၅-၁၂၇၅ အသီးသီးရှိတယ်လို့ သိရပါတယ်။ MIRT(MAPT)