Main menu

Background

တရုတ်အစိုးရက တောင်သူများကို အကူအညီပေးဖို့ ပြည်တွင်းပဲပုပ်ကို သိုလှောင်မယ်လို့ အေဂျင်စီကဆို

Mon, 12/05/2011 - 07:38 -- Anonymous (not verified)

                 ကမ္ဘာ့အကြီးဆုံး ပဲပုပ်စားသုံးတဲ့ တရုတ်နိုင်ငံဟာ စိုက်ပျိုးထုတ်လုပ်သူများ သီးနှံရောင်းချမှုကို အကူအညီ ပေး ဖို့ ပြည်တွင်းထွက်ရှိတဲ့ ပဲပုပ်များ သိုလှောင်မယ်လို့ နိုင်ငံကောက်ပဲသီးနှံ စီမံ ခန့်ခွဲတဲ့ အေဂျင်စီမှ ပြောကြားပါတယ်။ နိုင်ငံရဲ့ အရှေ့မြောက်ပိုင်းပြည်နယ်များမှ တောင်သူများထံက ပဲပုပ် တစ်တန် ယွမ် ၄၀၀၀ (ကန်ဒေါ်လာ ၆၂၇) ဈေးနဲ့ နိုဝင်ဘာလ ၂၃ ရက်မှ ဧပြီလ ၃၀ ရက်အထိ အစိုးရမှ ဝယ်ယူ မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ အစိုးရ အနေနဲ့ သိုလှောင်ဖို့ ပမာဏကို ကန့် သတ်မှာမဟုတ်ဘူးလို့လည်းဆိုပါတယ်။ ဝယ်ယူတဲ့ကာလရှည်တဲ့အတွက် ဈေးကွက်အတွင်း ဈေးနှုန်းကျဆင်းမှု ကိုလည်း ကန့်သတ်စေမှာဖြစ် တယ်လို့ Guoxin Futures ကုမ္ပဏီမှ သုတေသနမန်နေဂျာ Cau Yanhui မှ ပြောကြားပါတယ်။ တောင်သူတွေ အနေနဲ့ သင့်တင့်တဲ့ ဈေးနဲ့ရရှိမှာဖြစ်ပြီး၊ အစိုးရ မှ တန်ချိန် ၄ သန်း - ၅ သန်းခန့် ဝယ် ယူနိုင်တယ်လို့လည်း ဆိုပါတယ်။                    ချီကာဂိုမှာ ဇန်နဝါရီ ပို့ရမယ့် ပဲပုပ်ဈေးဟာ ၁ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်ပြီး၊ တစ်ဘူရှယ်ကို ကန်ဒေါ် လာ ၁၁ ဒသမ ၂၅ (တစ်တန်ကို ၄၁၆) ဈေးဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဥရောပ ဇုန်ပြဿနာကြောင့် ကမ္ဘာ့စီးပွားရေး တိုးတက်မှုနှေးကွေးပြီး၊ ကုန်စည်ဝယ်လို အားကျဆင်းတဲ့အတွက် ပဲပုပ်ကြိုပွိုင့်ဈေးဟာ ယခုလအတွင်း ၇ ဒသမ ၈ ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ လာမယ့်နှစ် ပထမနှစ်ဝက် အတွင်း ရောင်းချသွားမယ့် ၂၀၀၈ ခုနှစ် ကသိုလှောင်ထားတဲ့ပြည်တွင်းပဲပုပ်တန် ချိန် ၄ သန်း - ၅ သန်းခန့် အစိုးရ သိုလှောင်မှုရှိနေသေးတယ်လို့သိရပါတယ်။ ယမင်းခင်၊Source: Bloomberg