မတ်ပဲကျဈေးဆက်လက်ကျဆင်း
မတ်ပဲစဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု၁ ဘုရင့်နောင် ၁ တန် ၄၆၄၀၀၀ ၄၅၂၀၀၀၂ မုံရွာ ၁ ပိဿာ ၇၀၀ ၆၆၅၃ ပြည် ၁ ပိဿာ ၇၂၅ ၇၀၀၄ ဟင်္သာတ ၁ ပိဿာ ၇၁၅ ၆၈၀၅ မန္တလေး ၁ ပိဿာ ၇၅၀ ၆၀၀မတ်ပဲကျဈေးဆက်လက်ကျဆင်း ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲ (RC) ကို ပြည်ပတင်ပို့ရန် ဝယ်ယူနေတဲ့ ကုန်သည်ကြီးများက အိန္ဒိယဘက်က ဝယ်အားနည်း သွားတဲ့အပေါ်အကြောင်းပြပြီး ဈေးနှိမ်ဝယ်ယူမှုတွေရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်တန်ကို အနိမ့်ဆုံး ၄၅၀၀၀၀ ကျပ်မှ အမြင့်ဆုံး ၄၅၂၀၀၀ ကျပ်အတွင်း တန် ၄၀၁၅ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ မတ်ပဲကို တက်ဈေးမှာ ရောင်းလက်များအရောင်းများပြီး အခုလိုပြည်ပအဝယ်နည်းပြီး ဈေးကျချိန်မှာ အရောင်းနည်းလို့ ယခင်အပတ်နဲ့စာရင် အရောင်း အဝယ်ဖြစ်မှုပမာဏလျော့နည်းသွားတယ်လို့ ပဲကုန်သည်တစ်ဦးက ဆိုပါတယ်။ မန္တလေးဈေးကွက်မှာ မတ်ပဲ(ကုန်ကြမ်း)ကို ရန်ကုန် ဝယ်လက်နဲ့ မြို့ခံပဲခွဲစက်တွေက အရည်အသွေးကောင်းရင် တစ် ပိဿာကို ၆၀၀ ကျပ် (တစ်တန်ကို ၃၆၇၄၃၄ ကျပ်)နဲ့ နေ့စဉ်အိတ် ၆၀၀ ခန့်အဝယ်ရှိခဲ့သလို အရည်အသွေးညံ့ပါက တစ်ပိဿာကို ၅၈၃ ကျပ်(တစ်တန်ကို ၃၅၇၀၂၃ ကျပ်)နဲ့ အိတ်အနည်းငယ်သာ အဝယ်ရှိ ခဲ့တယ်လို့ ဆိုပါတယ်။ ဟင်္သာတဈေးကွက်မှာ မတ်ပဲ(ကုန်ကြမ်း) ကို အိတ်စပို့အတွက်ဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက်က ရန်ကုန်ဘုရင့် နောင်ဈေးကွက်မှာ မတ်ပဲ(RC)ရောင်းဈေးကျနေတာကို အကြောင်းပြပြီး ဈေးချအဝယ်ရှိသလို ဝယ်အားပါနည်းသွားသဖြင့် ယခင်အပတ် နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၆၈၀ ကျပ်(တစ်တန်ကို ၄၁၆၄၂၅ ကျပ်)နဲ့ နေ့စဉ်အိတ် ၅၀၀ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။ ပြည်ဈေးကွက်မှာ မတ်ပဲ(ကုန်ကြမ်း)က ဈေးလည်းကျနေသလို အရောင်းအဝယ်လည်း အေးနေကြောင်း သိရပါတယ်။ ဒီတစ်ပတ် မတ်ပဲကဈေးကွက်သို့ အဝင်နည်းလာပြီး ဈေးကလည်း တစ်ပိဿာကို ၇၀၀ ကျပ် (တစ်တန် ကို ၄၂၈၆၇၃ ကျပ်)သာရှိပါတော့တယ်။ အရောင်းအဝယ်ဖြစ်မှုပမာ ဏက တစ်ရက်ကို အိတ် ၃၀၀ မှ ၄၀၀ ကြားသာဖြစ်ခဲ့တယ်လို့ဆို ပါတယ်။
