ပဲစင်းငုံနီအသစ်ပေါ်ကာနီးနေသလို ပဲဟောင်းလည်း ပုံမှန်အရောင်းအဝယ် ဖြစ်နေ

ပဲစင်းငုံနီစဉ် ကုန်စည်ဒိုင်   ရေတွက်ပုံ        ယခင်          ယခု          ပြောင်းလဲမှု၁ ဘုရင့်နောင်       ၁ တန်       ၄၁၄၀၀၀   ၄၁၇၀၀၀၂ မန္တလေး            ၁ ပိဿာ       ၆၁၇          ၆၁၇၃ မုံရွာ                 ၁ ပိဿာ       ၆၂၀          ၆၁၅၄ ပခုက္ကူ              ၁ ပိဿာ       ၆၃၀          ၆၂၅၅ မြင်းခြံ               ၁ ပိဿာ      ၆၂၅           ၆၀၀၆ အောင်လံ          ၁ ပိဿာ      ၆၂၅           ၆၂၅၇ မကွေး              ၁ ပိဿာ      ၆၂၅           ၆၃၀၈ ပြည်                ၁ ပိဿာ       ၆၂၀           ၆၃၅ပဲစင်းငုံနီအသစ်ပေါ်ကာနီးနေသလို ပဲဟောင်းလည်း ပုံမှန်အရောင်းအဝယ် ဖြစ်နေ                        ဘုရင့်နောင်ဈေးကွက်မှာ ပဲစင်းငုံနီ (RC) ကို အိတ်စပို့ ဝယ်လက်တွေက ပုံမှန်အဝယ်ရှိနေသလို ရောင်းလက်များကလည်း ပဲသစ်မပေါ်မီ ပဲဟောင်းများကို ထုတ်ရောင်းမှုတွေများလာတာကြောင့် တစ်တန်ကို အနိမ့်ဆုံး ၄၁၃၀၀၀ ကျပ်မှ အမြင့်ဆုံး ၄၁၇၀၀၀ ကျပ်အတွင်း တန် ၁၀၃၅ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ မန္တလေးဈေးကွက်မှာ ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်က အောက်ဈေးနဲ့ အဝယ်ပုံမှန်ရှိသလို လှောင်လက်ကုန်သည်များကလည်း အဆိုပါဈေးနဲ့ အရောင်းရှိခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ် ဖြစ်မှုက တစ်ပိဿာ ၆၁၇ ကျပ် (တစ်တန်ကို ၃၇၇၈၄၄ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၀၀၀ မှ ၁၂၀၀ ကြားဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ ဒါ့အပြင် ပဲစင်းငုံနီ(ရွှေဘို)စကိုလည်း ဒေသတွင်းပဲခွဲစက်များက တစ်ပိဿာ ၅၃၃ ကျပ်(တစ်တန်ကို ၃၂၆၄၀၃ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၈၀၀ ခန့်အဝယ်ရှိခဲ့တယ်လို့ မြို့ခံပဲကုန်သည်တစ်ဦးက ဆိုပါတယ်။ မကွေးဈေးကွက်မှာ ပဲစင်းငုံနီကို ရန်ကုန်အဆွဲပုံမှန်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၆၃၀ ကျပ် (တစ်တန်ကို ၃၈၅၈၀၅ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၃၀၀ မှ ၅၀၀ကြား ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပခုက္ကူဈေးကွက်မှာ ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်က တစ်ပိဿာ ၆၂၅ ကျပ် (တစ်တန်ကို ၃၈၂၇၄၃ ကျပ်)နဲ့ တစ်ပတ်လုံး အိတ် ၂၀၀၀ ခန့် အဝယ်ရှိခဲ့ပေမယ့် ယခင် အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျနေတယ်လို့သိရပါတယ်။ ပြည် ဈေးကွက်မှာ ပဲစင်းငုံသစ်တွေ အနည်းငယ်အဝင်ရှိလာသလို ပဲဟောင်းများကို လည်း လှောင်လက်များက ထုတ်ရောင်းမှုတွေရှိလာလို့ ရန်ကုန်ဝယ်လက်က တစ်ပိဿာကို ၆၃၅ ကျပ် (တစ်တန်ကို ၃၈၈၈၆၇ ကျပ်)နဲ့ တစ်ပတ်လုံး အိတ် ၁၂၀၀ခန့် အဝယ်ရှိခဲ့တယ်လို့ မြို့ခံပဲကုန်သည် တွေက ဆိုပါတယ်။