Main menu

Background

ပြောင်းကို တရုတ်ဝယ်အားပုံမှန်ရှိ

Mon, 12/05/2011 - 07:57 -- Anonymous (not verified)

ပြောင်းစဉ် ကုန်စည်ဒိုင်   ရေတွက်ပုံ      ယခင်     ယခု     ပြောင်းလဲမှု၁ တောင်ကြီး       ၁ ပိဿာ      ၂၂၀       ၂၃၀၂ လားရှိုး           ၁ ပိဿာ       ၂၇၅       ၂၇၅၃ မူဆယ်           ၁ တန်      ၂၁၈၆၃၇   ၂၁၈၆၉၂၄ မန္တလေး          ၁ ပိဿာ      ၂၅၉       ၂၆၉၅ ဟင်္သာတ        ၁ ပိဿာ      ၂၉၀       ၂၉၀ပြောင်းကို တရုတ်ဝယ်အားပုံမှန်ရှိ                   တောင်ကြီးဈေးကွက်မှာ ပြောင်းက ဈေးကွက်သို့အဝင်ရှိသလောက် ရန်ကုန်-မန္တလေးဝယ်လက်နဲ့ ဒေသတွင်းအစာစပ်သမား များက ဝယ်အားပုံမှန်ရှိခဲ့လို့ ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာ ၂၃၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်မှုပမာဏများလာတယ် လို့ ဒေသခံ ပြောင်းကုန်သည်တစ်ဦးက ဆိုပါတယ်။ မူဆယ်ဈေးကွက်မှာ ပြောင်းက ဈေးကွက်သို့ အဝင်လှိုင်နေတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျသွားတယ်လို့ ဆိုပါတယ်။ မန္တလေးဈေးကွက်မှာ ပြောင်းကို တရုတ်ဝယ်လက်နဲ့ အစာစပ်သမားများက ဝယ်အားကောင်းနေတာကြောင့် ယခင်အပတ်နဲ့စာရင်ဈေးမြင့်လာပြီး တစ်ပိဿာကို ၂၆၉ ကျပ်နဲ့ တစ်ရက်ကို အိတ် ၁၂၀၀ နဲ့အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း မြို့ခံပြောင်းကုန်သည်တစ်ဦး က ဆိုပါတယ်၊ လားရှိုှုးဈေးကွက်မှာ ပြောင်းကို တရုတ်ဝယ်လက်ကဝယ်အားသွက်နေသလို ရောင်းလက်များကလည်း အဆိုပါဈေးနဲ့ အရောင်းများခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ် ပိဿာ ၂၇၅ ကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၁၁၁၀၀၀၀ ခန့် ဖြစ်ခဲ့ကြောင်း ဒေသခံ ပြောင်းကုန်သည်များက ဆိုပါတယ်။