ကုလားပဲဖြူလုံးကြီးစဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု၁ ဘုရင့်နောင် ၁ ပိဿာ ၁၁၀၀ ၁၁၀၀၂ မန္တလေး ၁ ပိဿာ ၉၇၀ ၉၂၆၃ မုံရွာ ၁ ပိဿာ ၉၇၄ ၈၉၅၄ မြင်းခြံ ၁ ပိဿာ ၉၇၀ ၈၂၅ကုလားပဲဖြူလုံးကြီး ဈေးဆက်လက်ကျဆင်း မန္တလေးဈေးကွက်မှာ ကုလားပဲဖြူလုံးကြီးက လှောင်လက် တွေထံမှာ ပစ္စည်းလက်ကျန်နည်းနေသလို ဒေသတွင်းခွဲစက်နဲ့ အမှုန့် ကြိတ်စက်တွေကလည်း ပစ္စည်းဝယ်ယူဖြည့်တင်းတဲ့အနေနဲ့ အဝယ်ရှိနေပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးကကျရိပ်သန်းနေကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၉၂၆ ကျပ်(တစ်တန်ကို ၅၆၇၀၇၃ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၀၀၀ ခန့်ဖြစ်ခဲ့ကြောင်း ိသိရပါတယ်။မြင်းခြံဈေးကွက်မှာ ကုလားပဲဖြူလုံးကြီးက ဈေးနှုန်း သာရှိပြီး အရောင်းအဝယ်မဖြစ်ခဲ့ဘူးလို့ မြို့ခံစက်သမားတစ်ဦးက ဆိုပါတယ်။ မုံရွာဈေးကွက်မှာ ကုလားပဲဖြူလုံးကြီးကို အိတ်စပို့ ဝယ်လက်မရှိခဲ့ပေမယ့် ဒေသတွင်းစက်သမားတွေနဲ့ လက်လီအသုံး သမားတွေအဆွဲ အထိုက်အလျောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၈၉၅ ကျပ် (တစ်တန်ကို ၅၄၈၀၈၉ ကျပ်)နဲ့ နေ့စဉ် အိတ် ၂၀၀ ခန့်ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။
Background