Main menu

Background

နှမ်းဖြူကို အရည်အသွေးအလိုက် တရုတ်က အဝယ်ရှိ

Mon, 12/05/2011 - 08:03 -- Anonymous (not verified)

သိပ္ပံနှမ်းစဉ် ကုန်စည်ဒိုင်   ရေတွက်ပုံ     ယခင်      ယခု     ပြောင်းလဲမှု၁ အောင်လံ        ၁ ပိဿာ     ၂၀၀၀      ၁၉၁၅နှမ်းဖြူကို အရည်အသွေးအလိုက် တရုတ်က အဝယ်ရှိ                  မန္တ္တလေးဈေးကွက်မှာ နှမ်းဖြူရိုးရိုးစကို တရုတ်အဆွဲပုံမှန်ရှိပြီး နှမ်းဖြူ(ခြုံကျော်စ) ကိုတော့ တရုတ်အဝယ်အေးနေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက နှမ်းဖြူ(ရိုးရိုး)စ တစ်ပိဿာ ၁၄၄၄ ကျပ်(တစ်တန်ကို ၈၈၄၂၉၁ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၁၀၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။                    မကွေးဈေးကွက်မှာ နှမ်းဖြူကို မန္တလေးဝယ်လက်က အရည်အသွေးကောင်းရင် တစ်ပိဿာ ၁၄၉၀ ကျပ် (တစ်တန်ကို ၉၁၂၄၆၁ ကျပ်)၊ အရည်အသွေးညံ့ပါက တစ်ပိဿာ ၁၂၉၀ ကျပ်(တစ်တန်ကို ၇၈၉၉၈၃ ကျပ်)နဲ့ နေ့စဉ်အိတ် ၅၀၀ ခန့် အဝယ်ရှိခဲ့တယ်လို့ သိရပါတယ်။                       ရေစကြိုဈေးကွက်မှာ နှမ်းဖြူကို မန္တလေး-ရန်ကုန် ဝယ်လက်က တစ်ပိဿာကို ၁၃၇၀ ကျပ် (တစ်တန်ကို ၈၃၈၉၇၄ ကျပ်)နဲ့ တစ်ပတ် အတွင်း အိတ် ၅၀၀ ခန့်အဝယ်ရှိခဲ့ကြောင်း မြို့ခံနှမ်းကုန်သည်တစ်ဦး က ဆိုပါတယ်။                 အောင်လံဈေးကွက်မှာ သိပ္ပံနှမ်းကို အိတ်စပို့အတွက်ဝယ်ယူ နေတဲ့ ရန်ကုန်ဝယ်လက်က တစ်ပိဿာကို ၁၉၁၅ ကျပ်(တစ်တန်ကို ၁၁၇၂၇၂ ကျပ်)နဲ့ နေ့စဉ်အိတ် ၃၀၀ မှ ၅၀၀ ကြား ဝယ်အားပုံမှန် ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းးငယ်က်ကျလာကြောင်း သိရပါတယ်။