ပဲတီစိမ်း(အညာ)ကို တရုတ်က အရည်အသွေးပေါ်မူတည်ပြီး အဝယ်ရှိ

ပဲတီစိမ်း(အညာ) စဉ် ကုန်စည်ဒိုင် ရေတွက်ပုံ     ယခင်    ယခု     ပြောင်းလဲမှု ၁ မုံရွာ             ၁ ပိဿာ      ၈၄၂    ၈၄၂ ၂ မန္တလေး        ၁ ပိဿာ       ၈၅၃   ၁၀၁၃ ၃ ပြည်            ၁ ပိဿာ       ၇၈၅    ၇၅၀ ၄ မကွေး          ၁ ပိဿာ       ၇၉၀    ၇၆၀ ၅ မြင်းခြံ           ၁ ပိဿာ       ၆၇၅    ၆၅၀ ၆ အောင်လံ       ၁ ပိဿာ       ၈၉၀     ၉၀၀ ပဲတီစိမ်း(အညာ)ကို တရုတ်က အရည်အသွေးပေါ်မူတည်ပြီး အဝယ်ရှိ                   မန္တလေးဈေးကွက်မှာ ပဲတီစိမ်းကြီးက အရည်အသွေးအလိုက်ဈေးကွာခြားမှုတွေရှိနေပါတယ်။ တရုတ်ဝယ်လက်က အရည်အသွေး ကောင်းတဲ့ ပဲတီစိမ်းကို တစ်ပိဿာ ၁၀၁၃ ကျပ် (တစ်တန်ကို ၆၂၀၃၅၁ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၁၃၀၀ ခန့် အဝယ်ရှိခဲ့ပြီး အ ရည်အသွေးညံ့တဲ့ ပဲတီစိမ်းကိုတော့ တရုတ်က အဝယ်အေးနေတယ် လို့သိရပါတယ်။ အရည်အသွေးညံ့တဲ့ ပဲတီစိမ်းက တစ်ပိဿာ ၇၄၇ ကျပ်(တစ်တန်ကို ၄၅၇၄၅၅ ကျပ်)ဈေးသာရှိပါတယ်။ ဒါ့အပြင် ပဲတီစိမ်း(ရွှေဝါ)စကိုလည်း တရုတ်က တစ်ပိဿာ ၉၄၂ ကျပ်(တစ်တန်ကို ၅၇၆၈၇၁ ကျပ်)နဲ့ နေ့စဉ်အိတ် ၅၀၀ ခန့်အဝယ်ရှိခဲ့ကြောင်း မြို့ခံ ပဲကုန်သည်တစ်ဦးက ဆိုပါတယ်။ မကွေးဈေးကွက်မှာ ပဲတီစိမ်း က ဈေးကွက်သို့ အဝင်ပုံမှန်ရှိသလို ရန်ကုန်-မန္တလေးဝယ်လက်က လည်း တစ်ပိဿာ ၇၆၀ ကျပ်(တစ်တန်ကို ၄၇၇၆၆၄ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၂၀၀ ခန့်အဝယ်ရှိခဲ့တယ်လို့ သိရပါတယ်။ အောင်လံ ဈေးကွက်မှာ ပဲတီစိမ်းကြီးကို ရန်ကုန်အဆွဲပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်မြင့်လာပြးီ တစ်ပိဿာ ၉၀၀ ကျပ် (တစ်တန်ကို ၅၅၁၁၅၁ ကျပ်)နဲ့ နေ့စဉ်အိတ် ၃၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပြည်ဈေးကွက်သို့ ပဲတီစိမ်းသစ်တွေ အဝင်ပုံမှန်ရှိသလို ရန်ကုန်-မန္တလေးဝယ်လက်ကလည်း ဝယ်အားပုံ မှန်ရှိခဲ့တယ်လိ့ုဆိုပါတယ်။ ပဲရဲ့ အရည်အသွေးအလိုက် ဈေးကကွာခြားမှုတွေရှိနေတယ်လို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။ အ ရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၇၅၀ ကျပ် (တစ်တန်ကို ၄၅၉၂၉၂ ကျပ်)နဲ့ တစ်ပတ်လုံး အိတ် ၁၇၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။