ထိုင်ဝမ်(ကုလားပဲ)စဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု၁ မန္တလေး ၁ ပိဿာ ၉၀၀ ၈၇၁၂ မကွေး ၁ ပိဿာ ၈၇၀ ၈၃၅၃ ပခုက္ကူ ၁ ပိဿာ ၈၇၀ ၈၄၂၄ မုံရွာ ၁ ပိဿာ ၉၀၀ ၇၈၉၅ အောင်လံ ၁ ပိဿာ ၈၅၀ ၈၃၀၆ မြင်းခြံ ၁ ပိဿာ ၉၀၀ ၈၀၀၇ ပြည် ၁ ပိဿာ ၉၁၀ ၈၅၅၈ ရေစကြို ၁ ပိဿာ ၈၇၀ ၈၃၀ဒေသတွင်းပဲခွဲစက်နဲ့ အမှုန့်ကြိတ်စက်များက ဈေးချအဝယ်ရှိနေ မန္တလေးဈေးကွက်မှာ ကုလားပဲကို ရန်ကုန်အဆွဲနည်းပြီး ဒေသတွင်းပဲခွဲစက်နဲ့ အမှုန့်ကြိတ်စက်များသာ ဝယ်အားအထိုက်အလျောက် ရှိခဲ့ပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၈၇၁ ကျပ် (တစ်တန်ကို ၅၃၃၃၉၁ ကျပ်)နဲ့ နေ့စဉ်အိတ် ၈၀၀ ခန့် ဖြစ်ခဲ့တယ်လို့ဆို ပါတယ်။ မကွေးဈေးကွက်မ် ှာ ကုလားပဲကို မြို့ခံပဲခွဲစက်တွေက ဝယ်အားနည်းသွားတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာ ပြီး တစ်ပိဿာ ၈၃၅ ကျပ် (တစ်တန်ကို ၅၁၁၃၄၅ ကျပ်)နဲ့ နေ့စဉ် အိတ် ၂၀၀ မှ ၃၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပခုက္ကူဈေးကွက်မှာ ကုလားပဲကို မြို့ခံပဲခွဲစက်တွေက တစ်ပိဿာ ကို ၈၄၂ ကျပ် (တစ်တန်ကို ၅၁၅၆၃၂ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၁၀၀ ခန့် ပုံမှန် အဝယ်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးကကျရိပိပ်သမ်းနေကြောင်း သိရပါတယ်။ ရေစကြိုုဈေးကွက်မှာ ကုလားပဲ ကို ဒေသတွင်းခွဲစက်တွေက အောက်ဈေးနဲ့ အဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၈၃၀ ကျပ် (တစ်တန်ကို ၅၀၈၂၈၃ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၀၀ ခန့်သာအရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ပြည်ဈေးကွက်မှာ ကုလားပဲက ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၈၅၅ ကျပ် (တစ်တန်ကို ၅၂၃၅၉၃ ကျပ်)နဲ့ တစ်ပတ်လုံး အိတ် ၁၉၀၀ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မုံရွာဈေးကွက်မှာ ကုလားပဲကို ရန်ကုန်အဆွဲအေးပြီး ဒေသတွင်းစက်သမား၊ ပဲခွဲစက်၊ အမှုန့်ကြိတ်စက်နဲ့ ကြာဇံစက်သမားသာ အဝယ်ရှိခဲ့လို့ ယခင်အပတ်နဲ့ စာရင် ဈေးကအကျဘက်မှာရှိနေတယ်လို့ သိရပါတယ်။
Background