Main menu

Background

အေးခဲအမဲသားအပို့လျော့

Mon, 12/05/2011 - 08:25 -- Anonymous (not verified)

                   နိုဝင်ဘာလ ၂၃ ရက်မှ ၂၉ ရက်အထိကာလအတွင်း တရုတ်နယ်စပ် မူဆယ်နဲ့ ချင်းရွှေဟော် စခန်းတွေကနေ တိရစ္ဆာန်ထွက်ကုန် တန် ၂၅၀ ကျော် တန်ဖိုး ကန်ဒေါ်လာ ၀ ဒသမ ၀၇၂ သန်းဖိုးတင်ပို့ခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၅၀၀ ခန့်လျော့နည်း တင်ပို့ခဲ့တာတွေ့ရပါတယ်။ တင်ပို့တဲ့ အမယ်တွေ ကတော့ မူဆယ်မှ အေးခဲအမဲသား ၁၂၅ တန်ခန့်နဲ့ ချင်းရွှေဟော်မှ အေးခဲ အမဲသား ၈၁ တန်ကျော်၊ ဆိတ်သားရေခြောက်၊ ၃ ဒသမ ၆ တန်ကျော်နဲ့ အမဲပြုတ် သား ၄၁ တန်တို့ ဖြစ်တယ်လို့သိရပါတယ်။ ဒီတပတ်တင်ပို့မှုလျော့နည်း တာက တော့ အေးခဲအမဲသား တင်ပို့မှုမှာ ချင်းရွှေဟော်နယ်စပ်က အပို့လျော့ခဲ့တာ ကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ MIRT(DOBT)