Main menu

Background

နယ်စပ်ထွက်ပေါက် လေးနေရာက သွားတဲ့ ရေထွက်ကုန်

Mon, 12/05/2011 - 08:28 -- Anonymous (not verified)

              နိုဝင်ဘာလ ၂၃ ရက်မှ ၂၉ ရက်အထိကာလအတွင်း မြန်မာတရုတ်နယ်စပ်ရှိ မူဆယ်စခန်း၊ မြန်မာအိန္ဒိယနယ်စပ်ရှိ တမူးစခန်းနဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ စစ်တွေနဲ့ မောင်တောစခန်းတွေကနေ ရေထွက်ကုန် တန် ၅၅၃ ဒသမ ၆၂၈ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၁ ဒသမ ၈၀၅ သန်းဖိုး တင်ပို့ နိုင်ခဲ့ပါတယ်။ နယ်စပ်အလိုက် တင်ပို့နိုင်မှုတွေကတော့ မူဆယ်မှ ရေငန်ငါးမျိုးစုံ ၉၁ တန်ကျော်၊ ငါးသလောက် ၃၉ တန်ကျော်၊ ကဏန်း ၁၁၆ တန်ကျော်နဲ့ ငါးရှဉ့် တန် ၁၅၀ နီးပါးတင်ပို့ခဲ့ပါတယ်။ စစ်တွေနယ်စပ်ကတော့ ရေငန်ပုစွန်နဲ့ ငါးကုန်းညိုခြောက်တို့ တင်ပို့ခဲ့ပြီး မောင်တောနယ်စပ်မှ ရေငန်ပုစွန်၊ ရေချိုပုစွန်၊ ငါးကုန်းညိုခြောက်နဲ့ ငါးစုံလေး ခြောက်တို့ တင်ပို့ခဲ့ကာ တမူးနယ်စပ်ကတော့ ငါးလေးခြောက် တစ်မျိုးတည်းသာ တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ ယခု တစ်ပတ်မှာ ငါးရှဉ့်ဈေးရော ကဏန်းဈေးပါ ကျဆင်းသွားတာ တွေ့ရပါတယ်။ ငါးရှဉ့်ဈေးကတော့ တစ်တန်ကို ကျပ် ၃ ဒသမ ၂၄၃ သန်း၊ ကဏန်းဈေးတွေကတော့ (၂၅၀ ဂရမ်) အထက် ၁တန်ကို ကျပ် ၂ ဒသမ ၄၀၉ သန်း၊ (၂၀၀-၂၅၀) ဂရမ်ကို ကျပ် ၂ ဒသမ ၂၅၂ သန်း၊ (၁၅၀-၂၀၀) ဂရမ်ကို ကျပ် ၂ ဒသမ ၀၉၄ သန်းနဲ့ (၁၀၀-၁၅၀) ဂရမ်ကို ကျပ် ၁ ဒသမ ၉၇၆ သန်းတို့ ဈေးပေါက်တယ်လို့ သိရပါတယ်။ MIRT(DOBT)