Main menu

Background

မူဆယ်မှ ပရဆေးအပို့ တန် ၁၀၀ ကျော်မြင့်တက်

Mon, 12/05/2011 - 08:29 -- Anonymous (not verified)

               မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကနေ ကန်ဒေါ်လာ ၂ ဒသမ ၃၄၃ သန်း တန်ဖိုးရှိ ပရဆေး (၁၃) မျိုး ၅၁၆ တန်ကို တင်ပို့ခဲ့ပါတယ်။ ယခင်ရက် သတ္တပတ်က တန် ၄၀၀ ကျော် တင်ပို့ခဲ့တာကြောင့် ယခု တပတ်တင်ပို့မှု တန် ၁၀၀ ကျော် ပိုမိုခဲ့ပါတယ်။ တင်ပို့တဲ့ အမယ်တွေကတော့ ဆီးဆံ ၆၇ တန်နီးပါး၊ ကြောင်လျှာစေ့ ၁၉ ဒသမ ၂ တန်၊သီဟိုဠ်စေ့ (အခွံမပါ) ၇၉ဒသမ၂၂ တန်၊ ကြောင်ပန်းစေ့၂၁ ဒသမ ၅၅ တန်၊ ချဉ်ပေါင် ဖာလာ (အခွံပါ) ၁၈၀ ဒသမ ၄၅ တန်၊ ချဉ်ပေါင်ဖာလာ (အခွံမပါ) ၃၇ ဒသမ ၃၄ တန်၊ တောဂျင်း ၉ ဒသမ ၂၇ တန်၊ ရှားစေး ၃၀ ဒသမ ၉ တန်၊ ဆေးမြင်းခွာ သုည ဒသမ ၂၆ တန်၊ အုံတုံ ခေါက် ၃၈ ဒသမ ၅၆ တန်၊ ဒရင်ကောက်မြစ် ၁၃ ဒသမ ၇၂၀ တန်၊ တောင်လုံးကျော် ၁၆ ဒသမ ၈၈ တန်နဲ့ တောင် ထန်း ၁ ဒသမ ၈ တန်တို့ ဖြစ်ကြပါတယ်။ ကြောင်ပန်းစေ့နဲ့ ဒရင်ကောက်မြစ်မှလွဲပြီး ကျန်အမယ်များ ယခင်အပတ် ကထက် ပိုမိုခဲ့ကာ ယခင်အပတ်က တင်ပို့ခြင်းမရှိတဲ့ ရှားစေး၊ ဆေးမြင်းခွာနဲ့ တောင်ထန်းတို့ တင်ပို့ခဲ့တာကိုလည်း တွေ့ရပါ တယ်။                 ဒါ့အပြင် ချင်းရွှေဟော်နယ်စပ်ကနေလည်း အုံတုံခေါက် ၁၀ တန် တန်ဖိုး ၂၃၄၁ ဒေါ်လာဖိုးခန့် တင်ပို့ခဲ့တယ်လို့ သိပါတယ်။ MIRT(DOBT)