Main menu

Background

မန္တလေးမြို့ကြီးသာယာလှပဖို့ အားလုံးဝိုင်းဝန်းကြိုးစားစို့

Thu, 06/11/2015 - 21:08 -- journal_editor

အတွဲ(၁၅)အမှတ်(၂၁)

    ''အသက်ကလေးရယ်ရှည်စေလို မန်းတောင်ရိပ်ကို ခို''ဆိုတဲ့ စကားလို မန္တလေးရွှေမြို့တော်ကြီးဟာ ရှေးမြန်မာဘုရင်များ ရုံးစိုက် ရာ  နန်းတည်ရာ မြို့ကြီးတစ်မြို့လည်းဖြစ်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ အထက်ပိုင်းဒေသတွေဖြစ် တဲ့ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်း ပြည်နယ် စတဲ့ပြည်နယ်ကြီးတွေကို သွားရောက်ရာ လမ်းဆုံကျတဲ့ မြို့ကြီးတစ်မြို့လည်းဖြစ်ပါတယ်။ မန္တလေးမြို့တော်ကြီးဟာ အရင့် အရင်က သာယာလှပတဲ့မြို့ကြီးတစ်မြို့ဖြစ်ခဲ့ပေမယ့် လူနေထူထပ်လာမှု၊ နေထိုင်သူ  ပြည်သူများရဲ့စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုတွေ ကြောင့် အသက်ကလေးရယ်   ရှည်စေလို မန်းတောင်ရိပ်ကိုခို ဆို တဲ့စကားကို ပြန်ပြင်ရတော့မလိုဖြစ်နေခဲ့တာ ရာစုနှစ်တစ်စုမက ရှိခဲ့ ပါပြီ။
အခုအခါမှာတော့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော် မတီက ဦးဆောင်ပြီး မန္တလေးမြို့တော်ကြီး  သာယာလှပရေး၊ စည်း ကမ်းရှိတဲ့   မြို့တော်ကြီးဖြစ်လာရေးတို့အတွက်  ဆွေးနွေးပွဲတွေ ကျင်းပပြီး လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။
    မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ   ဦးဆောင် ကျင်းပသည့် မြို့တော်နယ်နိမိတ် ခြောက်မြို့နယ်အတွင်းရှိ စားသောက်ဆိုင်နှင့် ဟိုတယ်များမှ   အမှိုက်များ စနစ်တကျစွန့်ပစ်ရေး ဆီစစ်၊ အနည်စစ်ကန်များ အသုံးပြုစွန့်ပစ်ရေးနှင့် စားသုံးသူအကာ အကွယ်ပေးရေးဆွေးနွေးပွဲအား မန္တလေးမြို့၊ မြို့တော်ခန်းမတွင်  ဇွန် ၃ ရက်က ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဆွေးနွေးပွဲတွင် မြို့တော်စည်ပင် သာယာရေးကော်မတီဝင် (၅) ဒေါက်တာ သွင်ကျော်ကျော်၊ မန္တလေး တိုင်းဒေသကြီး ကုန်သွယ်မှုမြှင့်တင်ရေးနှင့်  စားသုံးသူရေးရာဦးစီး ဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဆွေတင့်ကြူး၊ အထက်မြန်မာပြည် ကူး စက်ရောဂါကာကွယ်ရေးဦးစီး ဌာနမှ   ဒေါက်တာငြိမ်းငြိမ်း ချစ်နှင့် မြို့ တော်  စည်ပင်သန့်ရှင်းရေးဌာနမှ  ဌာနမှူး   ဦးနေဝင်းမြင့်တို့မှ စားသောက်ဆိုင် လုပ်ငန်းရှင်၊ ဟိုတယ်လုပ်ငန်းရှင်များသို့  အသိ ပညာပေး ဆွေးနွေး ခဲ့ကြပါတယ်။


ဆွေးနွေးပွဲ တွင် ဖိတ်ကြားထားသည့် ဧည့်သည်တော် ၄၄၀ ခန့် တက်ရောက်ခဲ့ပြီး မိမိတို့  ကုန်သွယ်မှုမြှင့်တင်ရေးနှင့် စားသုံးသူရေး ရာဦးစီးဌာနမှလည်း အရာထမ်း၊  အမှုထမ်း ၉ ဦးတို့ ပါဝင် တက် ရောက်ခဲ့ကြ ပါတယ်။ ဆွေးနွေးပွဲအဖွင့်တွင် ဒေါက်တာသွင်ကျော် ကျော်မှယနေ့ပြုလုပ်သည့် တွေ့ဆုံဆွေးနွေးပွဲသည် မန္တလေးမြို့တော် အတွင်းရှိ လူထုကျန်းမာရေး၊ သန့်ရှင်းရေး၊ စိတ်ချမ်းသာရေးများ အတွက် ဘယ်လိုဆောင်ရွက်သွား မည်ဆိုတာကို စားသောက်ဆိုင်များ၊ ဟိုတယ်လုပ်ငန်းရှင်များသို့  အသိပညာပေး ဆွေးနွေးပြောပြတဲ့ပွဲ   ဖြစ်ကြောင်း ပဏာမ ရှင်းလင်းပြောကြားခဲ့ပါတယ်။   စားသောက် ဆိုင်တစ်ဆိုင် နာမည်ကြီးခြင်းသည် လက် ရာကောင်း သည့် အချက် အပြုတ်၊    အကြော်အလှော်သမားများက အဓိကကျပြီး နောက်မှ ဆိုင်အခင်းအကျင်း၊ ဝန်ဆောင်မှုစသည်တို့ကို အခြေခံပြီး နာမည် ကြီးမှုဆိုတာဖြစ်ပေါ်လာကြောင်း၊ စားသောက်ဆိုင်မှ ချက်ပြုတ်တဲ့ သူ  ကျွေးတဲ့ အစားအစာကို စားသုံးသူပြည်သူတွေစားရပြီး၊ ချက်ပြုတ် သူမှာ ရောဂါရှိရင် သူ့ထံမှရောဂါများ စားသုံးသူပြည်သူသို့ ကူးစက် ရောဂါပြန့်ပွားနိုင်ကြောင်း အသိပညာပေးတာကို  တွေ့ရပါတယ်။
မိမိတို့တိုင်းပြည် သည် ကမ္ဘာနှင့် ယှဉ်ပြီး ရင်ပေါင်တန်းနိုင် အောင် ကြိုးစားနေဆဲကာလဖြစ်တဲ့အပြင် မန္တလေးမြို့တော်အနေဖြင့် လည်း သာယာလှပမှု၊ နိုင်ငံခြားသားများ နှစ်သက်သဘောကျမှုတွင် ထိပ်ဆုံးကဖြစ်ပါကြောင်း၊ ယဉ်ကျေးမှု ဓလေ့စရိုက်တွေ အထာတွေ၊ သဘာဝတွေ  အများကြီးရှိပြီး၊ မြန်မာ့ရိုးရာအစားအသောက်တွင် နာမည်ကြီးသလို၊ အမျိုးအစားများလည်း ပေါများပါကြောင်း အစချီ ဆွေးနွေးခဲ့ပါတယ်။
မန္တလေးမြို့တွင် လက်ဖက်ရည်ဆိုင်ထိုင်ရတာလည်း အရသာတစ်မျိုးနှင့် ဆွဲဆောင်မှုများရှိကြောင်း၊ ဒါကြောင့် ဒီလိုစားသောက်ဆိုင်တွေအတွက် ဆွဲဆောင်မှုရှိရုံသာမက ''လုပ်သင့်လုပ်ထိုက်တဲ့ အစားအစာ အာမခံချက်'' အပြည့်အဝ   ပေးနိုင်ရန်လည်း လိုအပ် ကြောင်း၊ ဆွဲဆောင်စည်းရုံး ပညာပေးတာကိုလည်း တွေ့ရပါတယ်။
စားသောက်ဆိုင်တစ်ဆိုင်သွားရင် အစားအသောက်ကောင်း တာကိုချည်းမကြည့်ဘဲ ပန်းကန်ဆေးခန်း၊ အိမ်သာခန်း သွားကြည့် ခဲ့ဖူးလား၊ သန့်သန့်ရှင်းရှင်းရှိရဲ့လား၊ ချက်ပြုတ်တဲ့သူက ကျန်းမာရေး ကောင်းရဲ့လားဆိုတာ ယနေ့ပြည်သူတွေလေ့လာနေကြပြီး အသိ ပညာ၊  ဗဟုသုတတွေ ရှိနေကြပြီလို့လည်း ဆိုပါတယ်။ နောင် ဗနဃ လာရင် နိုင်ငံခြားကုမ္ပဏီတွေ၊ နိုင်ငံတကာလုပ်ငန်းရှင်တွေရောက်လာတော့မှာဖြစ်တဲ့အတွက် စားသောက် ဆိုင်များ၊ ဟိုတယ်လုပ်ငန်း ရှင်များနာမည်ကြီးဖို့  မိမိတို့  စားသောက်ဆိုင်  ဂုဏ်သိက္ခာတက်ဖို့ အစားအသောက်   ချက်ပြုတ်တဲ့သူ၏ ကျန်းမာရေး    ဆေးစစ်ချက် (ဥပမာ- ဘီပိုး၊ စီပိုး)  များကပ် ထားပါက ရောင်းချ သူများအတွက် အထောက်အပံ့ဖြစ်စေမှာ    ဖြစ်သလို၊ စားသုံးသူ အတွက်လည်း ယုံကြည်စိတ်ချမှုရရှိစေမှာဖြစ်ကြောင်းနှင့် ကျန်းမာ ရေး အာမခံချက်ပေးတဲ့ ဆိုင်တွေ     လိုအပ်လာပြီဖြစ်ပါကြောင်း  စေတနာနှင့်  ဆွေးနွေးထောက်ပြခဲ့တာကိုလည်း  တွေ့ရပါတယ်။
ကျန်းမာရေးထောက်ခံချက်ရှိတဲ့ဆိုင်နဲ့ မရှိတဲ့ဆိုင်ယှဉ်ပြိုင် ရောင်းရင် ထောက်ခံချက်ရှိတဲ့ဆိုင်က ပိုမိုရောင်းအားကောင်းမှာဖြစ် ကြောင်း၊ အဲဒီမှတစ်ဆင့် စားသောက်ဆိုင်မှာ သုံးစွဲတဲ့ဆီအမျိုးအစား၊ အချိုမှုန့်နှင့် အသီးအရွက် ကအစ အော်ဂဲနစ်သီးနှံ  စတဲ့သုံးစွဲသည့် ပစ္စည်းများ၏ အရည်အသွေးကိုပါအာမခံနိုင်ရင်  ဆိုင်ရဲ့ ဂုဏ်သိက္ခာ ပိုမိုတိုးတက်လာမှာဖြစ်ကြောင်း၊  ၎င်းင်းတို့အနေဖြင့် မြို့နယ်အလိုက်  စားသောက်ဆိုင်တစ်ဆိုင်ချင်း ကွင်းဆင်း စစ်ဆေးပြီး  ထောက်ခံချက် တွေပြုလုပ်ကြဖို့အသိပညာပေးရာတွင် ယုံကြည်မှုအားနည်းခြင်းနှင့် တိုင်တန်းမှုတွေတက်လာတဲ့အတွက် အခုလိုလုပ်ငန်းရှင်များသို့ တရားဝင် စုံစုံညီညီ ဖိတ်ကြားဆွေးနွေးခြင်းဖြစ်ကြောင်း ရည်ရွယ်ချက်ကို ရှင်းပြ ခဲ့တာကိုလည်း တွေ့ရပါတယ်။
    ဆက်လက်၍ စည်ပင်သာယာရေးကော်မတီအနေဖြင့် -
(၁)    စည်ပင်သာယာရေးဥပဒေ၊ နည်းဥပဒေသစ်များ
(၂)    ဆီစစ်ကန်
(၃)    သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး (ကြွပ်ကြွပ်အိတ်/ ပလပ်စတစ်အိတ်)
(၄)    ကျန်းမာရေးဆေးစစ်ခြင်း
စတဲ့ အချက်(၄)ချက်ကို အခြေခံဆွေးနွေးသွားခဲ့ပါတယ်။ စည်ပင်သာ ယာရေးကော်မတီ၏  ဥပဒေ၊ နည်းဥပဒေသစ်များ ပြဋ္ဌာန်းရေးဆွဲပြီး မန္တလေးသတင်းစာနှင့်   ဂျာနယ်များတွင်လည်း ဖော်ပြပေးထားတဲ့ အတွက် လုပ်ငန်းရှင် များ အနေဖြင့် သိထားသင့်၊ မှတ်ထားသင့်၊ လေ့ လာသင့်ကြောင်းနှင့် ဥပဒေကို နားလည်သဘောပေါက်ပြီး လက်ခံ ကျင့်သုံးရန်လည်း နည်းလမ်းပေးခဲ့တာကိုတွေ့ရပါတယ်။
စားသောက်ဆိုင်များတွင် ဆီစစ်ကန်၊အနည်စစ်ကန်များ သုံးစွဲ မှုမရှိဘဲ ရေမြောင်းတွင်းစွန့်ပစ်ခြင်းမှ မြောင်းပိတ်ဆို့မှုဖြစ်ခြင်း၊ မိုးရွာ လျှင် ရေလျှံပြီး  ဆီအခဲများ ကတ္တရာလမ်းပေါ်ရောက်၍ ဆိုင်ကယ် များလဲခြင်း၊ ဘီးချော်ခြင်းများ ထိခိုက်အန္တရာယ်များ ကြုံတွေ့ကြရတဲ့ သာဓကများစွာရှိကြောင်းလည်း ပုံများနှင့်တကွ ရှင်းလင်းခဲ့ပါတယ်။
သို့ဖြစ်၍   စားသောက်ဆိုင်လုပ်ငန်းရှင်များ မိမိတို့ကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု၊ အနံ့အသက် ဆိုးဝါးမှုကြောင့် အများ ပြည်သူကျန်းမာရေး  ထိခိုက်မှုမရှိစေရန် ဆီစစ်ကန်များ အသုံးပြုပုံ၊ ထုတ်လုပ်သည့်ပုံသဏ္ဌာန်နှင့် ဝယ်ယူရရှိ နိုင်သည့် နေရာများကိုပါ လမ်းညွှန်ပေးခဲ့တာကို တွေ့ရပါတယ်။ စားသောက်ဆိုင်များကို လွန် ခဲ့တဲ့ ၂၀၁၄ ခုနှစ်မှစ၍ ဆီစစ်ကန်များထားရှိဆောင်ရွက်ရန် ပညာ ပေးဆွေးနွေးခြင်း၊ ကွင်းဆင်း စစ်ဆေးခြင်း များ ပြုလုပ် ခဲ့ရာ တချို့ဆိုင် များမှ လိုက်နာဆောင်ရွက်မှုအားနည်းခြင်း၊ လုံးဝဆောင်ရွက်မှုမရှိ ခြင်းများတွေ့ခဲ့ရသော်လည်း မိမိတို့ဌာနအနေဖြင့် သတိပေးသည့် အဆင့်နှင့်သာ   ဆောင်ရွက်ခဲ့ပြီး၊ လုပ်ကိုင်ဆောင်ရွက်ပုံ    နည်းစနစ် များကို လည်း သေချာရှင်းပြခဲ့ပြီး အရေးယူဆောင်ရွက်မှုများ မပြု လုပ်ခဲ့ကြောင်း   သိရတဲ့အတွက် အစိုးရဌာနဆိုင်ရာများ၏  အများ ပြည်သူ ပုဂ္ဂလိကလုပ်ငန်းရှင် များအပေါ် လက်တွဲပူးပေါင်းပါဝင်စေ ခြင်းဖြင့်သာ လုပ်ငန်း များ အောင်ြ မင်အောင် အကောင်အထည်ဖော် သည့်အခြေအနေကို တွေ့ရှိရပါတယ်။
ကြွပ်ကြွပ်အိတ်သုံးစွဲမှုနှင့် ဆီစစ်ကန်အသုံးပြုခြင်းမရှိတဲ့   စား သောက်ဆိုင်များကို ဘယ်လိုအရေးယူမလဲဟူသည့် သတင်း၊ မီဒီယာ သမားများ၏ မေးခွန်းများကို ဖြေကြားရာတွင် အရေးယူချင်လို့   ဥပဒေတီထွင်တာမဟုတ် အသိပညာပေးခြင်းအတွက်သာဖြစ်ပြီး ဒီဥပဒေနဲ့ စားသုံးသူပြည်သူများကို အကာအကွယ်ပေးချင်တာသာ ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးခဲ့တာကိုလည်း သိရပါတယ်။ သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ကြွပ်ကြွပ်အိတ်၊ ပလတ်စတစ် တွေ သုံးခြင်းရဲ့ဆိုးကျိုးကို ရှင်းပြတဲ့အတွက်လည်း ဗဟုသုတများစွာ ရရှိစေတာ ကို လေ့လာရပါတယ်။
ကြွပ်ကြွပ်အိတ်ကို  ဘယ်နိုင်ငံမှမသုံး၊ မိမိတို့နိုင်ငံတစ်နိုင်ငံသာ သုံးစွဲလျက်ရှိပြီး၊ ကြွပ်ကြွပ်အိတကို မသုံးသင့်လို့ မသုံးခိုင်းတာ ဖြစ်ကြောင်း၊ (ကြွပ်ကြွပ်အိတ်အမှိုက်တွေ မြေကြီးထဲမှာ အနှစ် ၅၀၀ မှ အနှစ် ၁၀၀၀ အထိမဆွေးကြောင်း ပညာရှင်များပြောကြားခဲ့တာကို လည်း ပြန်လည်မျှဝေခဲ့ပါတယ်။ (ကြွပ်ကြွပ်အိတ်ကြာင့် မြောင်းတွေ ပိတ်၊ ရေတွေလျှံ၊ ရေကြောတွေပိတ်လာတဲ့အတွက် နောင်တွင် ရေ အတွက် အခက်အခဲများဖြစ်လာနိုင်ပြီး လက်ရှိတွင် စက်ရေတွင်း၊ အဝီစိတွင်းတူးရာ ယခင်ကပေ(၁၀၀-၂၀၀)လောက် တူးလို့ရသော် လည်း ယခုပေ (၁၀၀၀)ကျော်အထိ တူးနေရကြောင်း၊လက်ရှိသဘာ၀ ပတ်ဝန်းကျင်နှင့် ဂေဟစနစ်တွေရဲ့ ချို့ယွင်းလာမှုကို ကွက်ကွက်ကွင်း ကွင်းမြင်လာအောင် ဆွေးနွေးခဲ့တာကိုလည်း  တွေ့ရပါ တယ်။
ကားလမ်း၊ ရထားလမ်းများတွင် ကြွပ်ကြွပ်အိတ်များ ဖွေးဖွေး လှုပ်နေသဖြင့် ရေကြောင်းတွေပိတ်၊ ကားလမ်းတွေရေလျှံ၊ မြစ်ချောင်း များမှတစ်ဆင့် <ကပ်<ကပ်အိတ်များ ပင်လယ်ထဲရောက်သည့်အတွက် ရေသတ္တဝါများသာမက ကုန်းသတ္တဝါများပါ ကြွပ်ကြွပ်အိတရဲ့  ဆိုး ကျိုးကိုခံစားနေရကြောင်း၊ ကမ္ဘာ့ရေထု၊ မြေထုကို ဖျက်ဆီးခံနေရတဲ့ သဘာဝပတ်ဝန်းကျင်ရဲ့ အကျိုးဆက်များ၊ အနာဂတ်တွင် ဖြစ်လာနိုင် တဲ့ ဆိုးကျိုးများကို အကျယ်တဝင့်ရှင်းလင်း တင်ပြခဲ့တဲ့အတွက် ဗဟု သုတများစွာရရှိစေခဲ့ပါတယ်။ ဒါ့ပြင် (ကြွပ်ကြွပ်အိတအိတ်ကို မီးရှို့ရန်မဖြစ် နိုင် ကြောင်း၊ မီးရှို့ပါက ထွက်လာတဲ့ညှော်နံ့မှ ကင်ဆာနဲ့မျိုးဆက်ပြန့် ပွားမှုကို  ထိခိုက်စေတဲ့အပြင် (ကြွပ်ကြွပ်အိတ အိတ်တွင် အပူဓာတ်ရှိသည့် အစားအသောက်များထည့်ပါက ခဲဓာတ်နှင့်ဓာတုအဆိပ်များဖြစ်ပေါ် ၍ ကျန်းမာရေးဆိုးကျိုးများကိုလည်း သိမြင်စေခဲ့ပါတယ်။
    ဒါကြောင့် ကြွပ်ကြွပ်အိတကို စားသောက်ဆိုင်များမှ –
(၁)    ငြင်းပယ်ခြင်း
(၂)    ထပ်ခါတလဲလဲသုံးစွဲခြင်း
(၃)    လျှော့ချခြင်း/အစားထိုးသုံးစွဲခြင်း
(၄)    ပြန်လည်သုံးစွဲခြင်း
 တို့ဖြင့် ဆောင်ရွက်သင့်ကြောင်း လုပ်ငန်းရှင်များ  နားလည်သဘော ပေါက်စေရန် ညှိနှိုင်းအကြံပေးအသွင်ဖြင့် ဆွေးနွေးခဲ့တာကိုလည်း တွေ့ရပါတယ်။
မကွေးတိုင်းအတွင်းမှ မြို့နယ်လေးတစ်မြို့၏ စားသောက်ဆိုင် တွင်  ''ကျွန်တော်၏ဆိုင်သည် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်း သောဆိုင်ဖြစ်ပါသည်။ မိတ်ဆွေ (ကြွပ်ကြွပ်အိတ် မတောင်းပါနှင့်"'ဆိုတဲ့  စားသောက်ဆိုင်ပိုင်ရှင်၏ သဘာဝပတ်ဝန်းကျင်အပေါ် အလေးထားသည့်  စိတ်၊ သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးသည့် စိတ်၊ တာဝန်သိစိတ်ကို လေးစားမြတ်နိုးအတုယူဖွယ် ဥပမာပေးရှင်း ပြခဲ့ကိုလည်း တွေ့ရပါတယ်။
နောက်ဆုံး မြို့တော်စည်ပင်၏ အမှိုက်သိမ်းတာကအစ မြို့နေ လူထုအပေါ် စေတနာထားဆောင်ရွက်ပုံကို အနုပညာ ရသမြောက် စွာ ရှင်းလင်းခဲ့တာကိုလည်း  လေးစားဖွယ်ရာတွေ့ရပါတယ်။ မြို့ရဲ့ အလှတွေဖျက်တာ အမှိုက်ဖြစ်ပြီး၊ မိမိတို့ဌာနအနေဖြင့် လူ့စွမ်းအား အရင်းအမြစ်၊ စက်စွမ်းအားအရင်းအမြစ်နှင့်ငွေကြေးဘတ်ဂျက်များ ရင်းနှီး၍ အမှိုက်များသိမ်းဆည်းရတာဖြစ်ကြောင်း၊ မြို့နေလူထု ၁၅သန်းခန့်ကို  သန့်ရှင်းရေးလုပ်သား ၁၅၀၀ ခန့်နှင့် ကြိုးစား ဆောင် ရွက်နေရတဲ့အတွက် လူထုအင်အားမပါရင် မြို့တော်မသန့်ရှင်းနိုင် ကြောင်း၊ မသာယာနိုင်ကြောင်း၊ မလှပနိုင်ကြောင်း၊  လူထုက စည်း စနစ်ကျနစွာ အမှိုက်ပစ်ခြင်းနှင့် ွကြွပ်ကြွပ်အိတ် မသုံးခြင်းဖြင့်သာ သာယာလှပမှာ ဖြစ်ကြောင်း၊ လူထုလမ်းပေါ်  အမှိုက်မပြစ်တဲ့နေ့ ဒီအမှိုက်တွေ ပျောက်တဲ့နေ့ဖြစ်ကြောင်း ပူးပေါင်းဖို့ ဖိတ်ခေါ်စကား ပြောကြားခဲ့ပါတယ်။
စည်ပင်သန့်ရှင်းရေးဝန်ထမ်းများ အမှိုက်သိမ်းရာမှာ မြို့ကြီးစွဲ၊ ဒေသကြီးစွဲပြီး အမှိုက်ကားများတွင်''ဒို့မန္တလေးမြို့ကြီးရဲ့ ပတ်လည် တစ်ခို''စတဲ့ သီချင်းသံများနှင့် အမှိုက်သိမ်းကြောင်း၊ သို့သော် အမှိုက် သိမ်း ကားစီးရေ ၁၀၀၀ ကျော်ကို စပီကာတပ်ဖို့ ငွေကုန်ကြေးကျ များပြီး၊ အကုန်မတတ်နိုင်တဲ့အတွက် အချို့ကားများ ခေါင်းလောင်း စနစ်ကိုသာ သုံးစွဲနေရသေးကြောင်း သိရတဲ့အတွက် ဌာနဆိုင်ရာများ ရဲ့ တွေ့ကြုံနေရတဲ့ ဘဏ္ဍာရေးအခြေအနေကိုလည်း နားလည်စေခဲ့ပါ တယ်။
နောက်ဆုံး ဒေါက်တာသွင်ကျော်ကျော်အနေဖြင့် တက်ရောက် လာတဲ့ စားသောက်ဆိုင်လုပ်ငန်းရှင်များ၊ ဟိုတယ်လုပ်ငန်းရှင်များသို့ မျိုးဆက်သစ်တွေအတွက် ''မန္တလေးမြို့ကြီးသာယာလှပအောင် လုပ် ဆောင်ပေးခဲ့ကြရအောင်ပါ'' မျိုးဆက်သစ်တွေအတွက် အနာဂတ် ဘ၀ သာယာလှပအောင် ဖန်တီးပေးဖို့  ကိုယ်စီကိုယ်စီ  တာဝန်ရှိ ကြောင်း ဆွေးနွေးချက်များက ၎င်းင်းကိုယ်တိုင်မှစ တာဝန်ရှိ၊ တာဝန် သိ၊ တာဝန်ခံ၊ တာဝန်ယူ၊ တာဝန်ကျေ ကြဖို့ တက်ရောက်လာသူများကို ဆွဲဆောင်စည်းရုံး    ဆွေးနွေးသွားခဲ့တာကို အတုယူဖွယ်  တွေ့ရပါ တယ်။