Main menu

Background

အိန္ဒိယ-တရုတ် ဘုံအကျိုးစီးပွားက ကွဲပြားခြားနားချက်များကို ကျော်လွန်

Thu, 07/10/2014 - 11:11 -- ydnar

 

တရုတ်နဲ့ အိန္ဒိယ နိုင်ငံတို့ဟာ သဘောထား ကွဲပြားမှုများကို ကျော် လွန်ပြီး ဘုံအကျိုးစီးပွားကို ချမှတ်နိုင် ခဲ့ကြောင်း အိန္ဒိယ ဒုတိယသမ္မတ မိုဟာ မက်အန်ဆရီက ဇူလိုင် ၁ ရက်က ပြော ကြားချက်ကို ရှင်ဝှာသတင်းမှာ ဖော်ပြ ပါတယ်။ အစိုးရရဲ့ အကြံပေးအဖွဲ့တစ်ခု ဖြစ်တဲ့ တရုတ်လူမှုသိပ္ပံအကယ်ဒမီမှာ မိန့်ခွန်းပြောကြားစဉ်  အန်ဆရီက  ယခု လိုေ၀ ဖန် ပြောကြား ခဲ့တာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံနဲ့ ဆက်ဆံမှု ခိုင်မာရေးက အိန္ဒိယ နိုင်ငံခြားရေး မူဝါဒရဲ့ဦးစားပေး တစ်ခုဖြစ်ကြောင်းနဲ့

ဒီကိစ္စကိုလည်း နိုင်ငံရေးအဖွဲ့အစည်းအသီးသီးက တစ် ညီတစ်ညွှတ်တည်း သဘောတူထား ကြောင်း သူက ပြောပါတယ်။
ယနေ့အိန္ဒိယ-တရုတ်ဆက်ဆံရေး ကနှစ်နိုင်ငံအပြန်အလှန်သဘောရှိပြီး ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာထူးခြား မှုတွေ လည်းရှိနေကြောင်း၊ နှစ်နိုင်ငံစလုံး ကတစ်ဦးကို တစ်ဦးပြိုင်ဖက်လိုသဘော မထားဘဲ မိတ်ဖက်တွေလို သဘော ထား ကြောင်း အန်ဆရီကပြောပါတယ်။
တရုတ်နဲ့အိန္ဒိယနိုင်ငံတို့ရဲ့နှစ်နိုင်ငံ ပေါင်းလူဦးရေက ကမ္ဘာ့လူဦးရေရဲ့ ၃၇ ရာခိုင်နှုန်းရှိပြီး နှစ်နိုင်ငံစလုံးက ကမ္ဘာ ပေါ်မှာ အကြီးဆုံးဖွံ့ဖြိုးဆဲနိုင်ငံနှစ်နိုင်ငံ ဖြစ်ကြောင်း ဒုတိယသမ္မတကပြောပါ တယ်။
အန်ဆရီရဲ့ အဆိုအရ ကမ္ဘာ့ ပြဿနာရပ်တွေရဲ့နယ်ပယ်အတော်များ များမှာ သူတို့နှစ်နိုင်ငံစလုံးက ဘုံအကျိုး စီးပွားအမြင်တွေ ရှိကြပြီး ရာသီဥတု ပြောင်းလဲမှု၊ ဒိုဟာဆွေးနွေးပွဲ၊ အပြည် ပြည်ဆိုင်ရာဘဏ္ဍာရေးအဖွဲ့အစည်းများ ပြုပြင်ပြောင်းလဲရေးနဲ့ စွမ်းအင်ဖူလုံရေး ကိစ္စတွေမှာ တူညီတဲ့ သဘောထားတွေ စွဲကိုင်ထားကြကြောင်း ဒုတိယသမ္မတ ကပြောပါတယ်။
''ကျွန်တော်တို့ စိတ်ဝင်စားတာက ဖွံ့ဖြိုးရေးလုပ်ငန်းတာဝန်တွေကို ဂရုစိုက်ဖို့ဖြစ်ပါတယ်'' လို့သူက ပြောပါ တယ်။ အာရှနဲ့ကမ္ဘာကြီး သာယာ၀ ပြောမှုနဲ့ တည်ငြိမ်မှုကို ဆောင်ကျဉ်း ပေးနိုင်ဖို့အတွက် နှစ်နိုင်ငံစလုံးမှာ ငြိမ်း ချမ်းတဲ့ပတ်ဝန်းကျင် လိုအပ်တယ်လို့ သူကပြောပါတယ်။
တရုတ်ဒုတိယသမ္မတ လီယွမ်ချောင် ရဲ့ ဖိတ်ကြားချက်အရ အန်ဆရီဟာ တရုတ်နိုင်ငံ ကိုဇွန် ၂၆ ရက်မှ ၃၀ ရက်အထိ တရားဝင် အလည်အပတ် ရောက်ရှိခဲ့ပါတယ်။ ရက်သတ္တပတ်ကုန် မှာကျင်းပတဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူငါးချက် (Five Prin-ciples of Peacaful Coexistence)ကိုစတင် ချမှတ်ခဲ့တဲ့နှစ် (၅၀) မြောက် အခမ်းအနားကိုလည်း အန်ဆရီ တက် ရောက်ခဲ့ပါတယ်။