Main menu

Background

၂၀၂၀ပြည့်နှစ်မှာ တတိယအကြီးဆုံး အပြည်ပြည်ဆိုင်ရာ ငွေကြေးတစ်ခုအဖြစ် ရင်မင်ဘီ ဖြစ်လာနိုင်

Thu, 07/31/2014 - 08:49 -- ydnar

 

တရုတ်နိုင်ငံသုံးငွေကြေး ရင်မင်ဘီ (Renminbi-RMB)ဟာ၂၀၂၀ပြည့် နှစ်မှာ အမေရိကန်ဒေါ်လာနဲ့ ယူရိုငွေ ကြေးပြီးရင် ကမ္ဘာမှာ တတိယအကြီးမား ဆုံးငွေကြေးဖြစ်လာလိမ့်မယ်လို့ ရှင်ဝှာ သတင်းမှာဖော်ပြထားပါတယ်။

RMBကို အပြည်ပြည်ဆိုင်ရာ ငွေကြေးအဖြစ် အသုံးပြုမှုအညွှန်းကိန်း က၂၀၁၂ခုနှစ်သုညဒသမ ၉၂ ရှိခဲ့ရာမှ ၂၀၁၃ ခုနှစ် နှစ်ကုန်မှာ ၁ ဒသမ ၆၉ အထိမြင့်တက်ခဲ့ကြောင်း တရုတ်နိုင်ငံ ရင်မင်တက္ကသိုလ် ရဲ့အပြည်ပြည် ဆိုင်ရာ ငွေကြေး အဖွဲ့နဲ့ ဆက်သွယ်ရေးဘဏ်တို့ ပူးတွဲထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော် ပြပါတယ်။ RMB ကို အပြည်ပြည်ဆိုင် ရာ ငွေကြေး အဖြစ် ပြာင်းလဲမှုကိုအဓိကတွန်းအားပေးတာက နယ်နိမိတ်ဖြတ် ကျော်ကုန်သွယ်ရေး ရှင်းလင်းမှုနဲ့ တိုက် ရိုက်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းေ တွဖြစ်ပါတယ်။ နှစ်အလိုက်အခြေခံနဲ့တိုးတက် မှုအခြေအနေကိုကြည့်ရင် နယ်နိမိတ် ဖြတ်ကျော်ပြီး ကုန်သွယ်ရေးေ ငွကြေး ရှင်းလင်းမှုက ၂၀၁၃ခုနှစ်မှာ ယွမ် ၄ ဒသမ ၆၃ ထရီလီယံ(ဒေါ်လာ ၇၅၉ ဘီလီယံ)ရှိပြီးတိုးတက်မှုနှုန်း၅၇ဒသမ ၅ရာခိုင်နှု န်း ရှိခဲ့ပါတယ်။RMBရင်းနှီး မြှုပ်နှံမှုက ယွမ် ၅၃၄ ဘီလီယံရှိပြီး တိုးတက်မှု ၉၀ရာခိုင်နှုန်းရှိခဲ့ပါတယ် ဒီအဖွဲ့အစည်းနှစ်ခုပူးေ ပါင်း ပြီးRMB အပြည်ပြည်ဆိုင်ရာငွေကြေး အဖြစ်ပြောင်းလဲရေးအတွက်ထုတ်ဝေမှု အခြေအနေကို ၂၀၁၂ခုနှစ်ကစပြီး နှစ်စဉ်အ စီရင်ခံ စာကို ထုတ်ဝေခဲ့ပါတယ်။