Main menu

Background

တောင်ကိုရီးယား ဘဏ္ဍာရေးဝန်ကြီးဌာနက နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများကို တိုးမြှင့်ကြီးကြပ်သွားမည်

Tue, 02/24/2015 - 21:15 -- journal_editor

အတွဲ(၁၅)အမှတ်(၈)

      စီမံခန့်ခွဲမှု သတင်းပြန်ကြားရေးဌာနခွဲ  အသစ်တစ်ခုကို တည်ထောင်ပြီး နိုင်ငံပိုင်ကော်ပိုရေးရှင်းများကို ကြီးကြပ်မှုတိုး မြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း    တောင်ကိုရီးယား ဘဏ္ဍာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၇ ရက်က ပြောပါ တယ်။ ထို့ပြင် အခွန်ငွေသုံးစွဲမှုများကိုလည်း တိုးတက်ကောင်း မွန်အောင် ဆောင်ရွက်သွားမှာဖြစ်ကြောင်း ယွန်ဟပ်သတင်း မှာ ဖော်ပြထားပါတယ်။ ဝန်ကြီးဌာနကလုပ်ငန်းဆောင်ရွက်မှု စွမ်းဆောင်ရည်ကို အမြင့်ဆုံးသို့မြှင့်တင်ရန်နဲ့ အခွန်ထမ်းတို့ ရဲ့ငွေကြေးများကို   အလေအလွင့်မရှိစေရန်   ကြိုးပမ်းဆောင် ရွက်လျက်ရှိရာ  ယခုအစီအမံများက ပွင့်လင်းမြင်သာမှုနဲ့ စီမံခန့်ခွဲမှုကို  တိုးတက်ကောင်းမွန်အောင်ရည်ရွယ်ဆောင် ရွက်ထားတာဖြစ်ပါတယ်။
လောလောဆယ်မှာ တောင်ကိုရီးယားနိုင်ငံက အခွန် နှုန်းကို  တိုးမြှင့်ခြင်းမပြုဘဲ သက်သာချောင်ချိရေးနဲ့ ဆက် နွယ်နေတဲ့ အသုံးစရိတ်တွေကို တိုးချဲ့ဆောင်ရွက်သွားဖို့ စီစဉ် ဆောင်ရွက်လျက်ရှိပါတယ်။ ပိုမိုလာတဲ့ အသုံးစရိတ်ကို လျှော့ ချနိုင်ဖို့အတွက် တတ်နိုင်သမျှ ကြိုးပမ်းဆောင်ရွက်ပြီး မရမှ သာ အခွန်နှုန်းတိုးမြှင့်ဖို့   စဉ်းစားဆောင်ရွက်သွားမှာဖြစ် ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောကြားပါတယ်။
ဝန်ထမ်းတွေကို အကျိုးအမြတ်တွေ တိုးမြှင့်ပေးဖို့ သတ် မှတ်ထားတဲ့ နိုင်ငံပိုင်လုပ်ငန်းတွေနဲ့ လူအင်အား အသုံးချမှုကို စွမ်းဆောင်ရည်မပြည့်ဝတဲ့  နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေ မှာ ပြောင်းလဲမှုတွေ ထိထိရောက်ရောက်  ဆောင်ရွက်သွားဖို့ မူဝါဒချမှတ်သူတွေက တွန်းအားပေးခဲ့ပါတယ်။ ပြုပြင်ပြောင်း လဲရေးအစီအမံများရဲ့ အစိတ်အပိုင်းတစ်ရပ်အဖြစ် အွန်လိုင်း ဝန်ဆောင်မှုမှာ ဝန်ထမ်းတွေ တိုးမြှင့်ခန့်ထားပြီး တစ်စုတည်း သော ပြည်သူ့ပြန်ကြားရေး စနစ် (All Public Information in One - ALIO)  ကို တိုးမြှင့်ဆောင်ရွက်သွားဖို့ရှိပါတယ်။
ဒီစနစ်ကို အသုံးပြုတဲ့အတွက် လုပ်ခလစာသက်သာ ချောင်ချိရေးနဲ့  လူသစ်ခန့်ထားရေးလုပ်ငန်းတွေမှာ သာမန် ပြည်သူတွေက ပြည်သူ့ကဏ္ဍကို ပိုမိုစောင့်ကြည့်အကဲခတ်သွား နိုင်မှာဖြစ်ပါတယ်။