Main menu

Background

စင်ကာပူနိုင်ငံမှာပြုလုပ်မယ့် ရန်ပုံငွေပွဲမှာ အဆိုတော်နှစ်ဦးနဲ့အတူ ဖျော်ဖြေမယ့် ဂျက်ကီချန်း

Thu, 02/19/2015 - 18:41 -- journal_editor

အတွဲ(၁၅)အမှတ်(၇)

    ဟောင်ကောင်    အက်ရှင်မင်းသား ဂျက်ကီချန်းဟာ စင်ကာပူနိုင်ငံမှာပြုလုပ် မယ့်  ရန်ပုံငွေရှာဖွေတဲ့   ဖျော်ဖြေပွဲမှာ  စင်ကာပူနိုင်ငံရဲ့  အဆိုတော်နှစ်ဦးနဲ့အတူ ပါဝင်သီဆို  ဖျော်ဖြေသွားမယ်လို့  ဆိုပါ တယ်။
ဂျက်ကီချန်းဟာ   စင်ကာပူနိုင်ငံရဲ့ အဆိုတော်နှစ်ဦးဖြစ်တဲ့ ဝါကင်ချူ၊ ဂျိုန သန်လီတို့နဲ့အတူ ပါဝင်ဖျော်ဖြေမှာ ဖြစ် တယ်လို့ ဖေဖော်ဝါရီ ၃ ရက်က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ  ထုတ်ပြန်ကြေ ညာခဲ့တာဖြစ်ပါတယ်။
အဲဒီဖျော်ဖြေပွဲကို မေ ၁၀ ရက်မှာ Resorts World Sentosa  မှာ ကျင်းပမှာဖြစ်ပါတယ်။ အဲဒီ ဖျော်ဖြေပွဲကနေရရှိတဲ့ငွေတွေကို နေရာခြောက်နေ ရာခွဲပြီး လှူဒါန်းသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ အဓိကအားဖြင့် ဘိုးဘွားရိပ်သာတွေ၊ နှလုံးရောဂါ ကုသရေးစင်တာတွေ၊ ပညာသင်ထောက်ပံ့ကြေးအစီ အစဉ်နဲ့ဖွင့်လှစ်ထားတဲ့ နည်းပညာနဲ့ ဒီဇိုင်းတက္ကသိုလ်၊ ကင်ဆာရောဂါဖြစ်ပွားနေတဲ့ ကလေးငယ်တွေ၊ ကင် ဆာဖောင်ဒေးရှင်း  စတဲ့နေရာတွေကို သွားရောက် လှူဒါန်းမှာဖြစ်တယ်လို့ ဆိုပါတယ်။အဲဒီရန်ပုံငွေပွဲကို စင်ကာပူနိုင်ငံ စတင်ထူထောင် တဲ့ နှစ်ငါးဆယ်ပြည့်အခမ်းအနား အထိမ်းအမှတ်ပြု လုပ်တာဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုပါရန်ပုံငွေပွဲမှာ ဝင်ငွေပေါင်း စင်ကာပူ ဒေါ်လာ  ခြောက်သန်းအထိရရှိလိမ့်မယ်လို့ မျှော် မှန်းထားတယ်လို့ ဆိုပါတယ်။