Main menu

Background

ဆဲလ်ဖီရိုက်ရတာကိုမုန်းတဲ့ ကောလင်းဖစ်သ်

Thu, 02/19/2015 - 18:42 -- journal_editor

အတွဲ(၁၅)အမှတ်(၇)

          Kingsman: The Secret Service ရဲ့အဓိကသရုပ်ဆောင် တစ်ဦးဖြစ်တဲ့ ကောလင်းဖစ်သ်က သူ့အနေနဲ့ ဆဲလ်ဖီSelfi)  ရိုက် ရတာကို မနှစ်မြို့ဘူးလို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။''လူတွေက ကျွန်တော့်ကိုမြင်တာနဲ့ ဟိုင်း ...လာပါဦး   ဓာတ်ပုံရိုက်ချင်လို့ပါပဲ ပြောကြတယ်။ ကျွန်တော်က အဲဒါမျိုးတွေ မကြိုက်ဘူး။ ကိုယ့်ကိုယ်ကိုလည်း ဆဲလ်ဖီမရိုက်သလို ပရိသတ်တွေ နဲ့ ဆဲလ်ဖီရိုက်ရတာကိုလည်း မနှစ်မြို့ဘူး။ အဲဒီလို ဆဲလ်ဖီရိုက်နေတဲ့ အချိန်မှာ ဆဲလ်ဖီရိုက်ဖို့ပြောတဲ့သူနဲ့စကား ပြောကြမယ်၊ အတွေ့အကြုံ တွေ ဆွေးနွေးကြမယ်။ အဲဒါဆိုရင် ကျွန်တော်ရော သူရော နှစ်ဦးနှစ်ဖက် အကျိုးရှိစေမှာပေါ့''လို့ ကောလင်းဖစ်သ်က ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ကောလင်းဖစ်သ်က ခရီးသွားခြင်းကြောင့် အကျိုးကျေးဇူး တွေများစွာရရှိစေတယ်လို့လည်း ဆိုပါတယ်။ အသက် ၅၄ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ကောလင်းမှာ သားနှစ်ဦးရှိပြီး လူကာ(၁၃နှစ်) နဲ့ မက်ထီယို (၁၁နှစ်)တို့ဖြစ်ပါတယ်။
သူဟာ အားလပ်ရက်တိုင်းမှာ သားနှစ်ဦးနဲ့ ချစ်ဇနီးရှိတဲ့ လော့စ် အိန်ဂျလိစ်မြို့မှာ သွားရောက်အပန်းဖြေလေ့ရှိပါတယ်။ သူက အားလပ် ရက်မှာ ကင်ညာနိုင်ငံကို သွားပြီး လေ့လာရေးခရီးထွက်ဖို့ အစီအစဉ်ရှိ ပေမယ့် အခုချိန်မှာတော့သူဟာ အီတလီကို ရောက်ရှိနေတယ်လို့ ဆို ပါတယ်။