Main menu

Background

ဂယ်ရီရဲ့မင်္ဂလာပွဲမှာ ပြန်လည်ပေါင်းစည်းခဲ့တဲ့ စပိုက်စ်ဂဲလ်(Spice Girls)အဖွဲ့

Thu, 02/19/2015 - 18:43 -- journal_editor

အတွဲ(၁၅)အမှတ်(၇)

      စပိုက်ဂဲလ်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဂယ်ရီဟာရီဝဲလ်ရဲ့မင်္ဂလာပွဲမှာ စပိုက်ဂဲလ်အဖွဲ့ဝင်တွေ ပြန်လည်ပေါင်းစည်းခဲ့ကြတယ်လို့ ဆိုပါတယ်။ ဂျင်ဂျာစပိုက်စ်လို့ သူ့ကိုယ်သူ အမည်ပေး ထားတဲ့ ဂယ်ရီဟာရီဝဲလ်ဟာ သူ့ရဲ့ချစ်သူ ခရစ္စတင်းဟိုနာနဲ့လက်ထပ်ပွဲ ဆင်နွှဲခဲ့တာဖြစ်ပါတယ်။ အဲဒီလက်ထပ်မင်္ဂလာပွဲမှာ စပိုက်စ်ဂဲလ်အဖွဲ့သူ အဖွဲ့သားငါးဦးစလုံး သွားရောက်ဖျော်ဖြေခဲ့ကြ တာဖြစ်ပါတယ်။စပိုက်စ်ဂဲလ်အဖွဲ့သားငါးဦးကတော့ မာလင်ဘရောင်း၊ မာလင်ခရစ္စဟုန်းမ်၊ ဗစ်တိုးရီး ယားဘက်ခမ်း၊ အီမာဘာတွန်နဲ့ ဂျင်ဂျာစပိုက်စ်လို့ခေါ်တဲ့ ဂယ်ရီဟာရီဝဲလ်တို့ပဲဖြစ်ပါတယ်။သူတို့ငါးဦးပါဝင်တဲ့အဖွဲ့ဟာ Lift Me UP  ဆိုတဲ့သီချင်းနဲ့  ကမ္ဘာတစ်ဝန်းလုံး လူသိများ လာခဲ့ပါတယ်။ အဲဒီအဖွဲ့ဟာ ၁၉၉၄ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ပေမယ့် လူသိများခဲ့ခြင်းမရှိဘဲ ၁၉၉၆ ခုနှစ်မှာတော့ လူသိများတဲ့အဖွဲ့တစ်ဖွဲ့ ဖြစ်လာခဲ့ပါတယ်။
      ဒါပေမယ့်လည်း သူတို့ငါးဦးဟာ ၂၀၀၀ ပြည့်နှစ်အရောက်မှာ တစ်ဦးစီ သီးခြားခွဲထွက်ခဲ့ ကြပါတယ်။ဗစ်တိုးရီးယားဘက်ခမ်းကလည်း သူ့ရဲ့ကိုယ်ပိုင်ဖက်ရှင်လောကကို တည်ထောင် ခဲ့သလို မာလင်ဘရောင်းနဲ့ မာလင်ခရစ္စဟုန်းမ်တို့ကလည်း သီချင်းအယ်လ်ဘမ်တွေကို သီး ခြားစီထုတ်ဝေပြီး ဂီတလမ်းမထက်ကို ဆက်လက်လျှောက်လှမ်းခဲ့ကြပါတယ်။အဲဒီအဖွဲ့ဟာ ၂၀၀၇ ခုနှစ်မှာတော့ O2 Arena မှာ ပြန်လည်ဆုံတွေ့ခဲ့ကြပြီး ကမ္ဘာ တစ်ဝန်းဂီတဖျော်ဖြေပွဲတွေ ဆက်တိုက်ပြုလုပ်ခဲ့ကြပါတယ်။ မီဒီယာတွေ ပါးစပ်ဖျားမှာတော့ စပိုက်စ်ဂဲလ် အဖွဲ့ပြန်လည်ပေါင်းစည်းပြီဆိုတဲ့သတင်း တွေ ထွက်ပေါ်ခဲ့ရပါတယ်။ ဒါပေမယ့် လည်း ၂၀၀၈ ခုနှစ် နှစ်စပိုင်းမှာတော့ သူတို့အဖွဲ့ လမ်းခွဲခဲ့ကြပြီး ကိုယ်ပိုင်လမ်းတွေကိုဆက် လက်လျှောက်လှမ်းခဲ့ကြပါတယ်။
    ၂၀၁၂ ခုနှစ် လန်ဒန်အိုလံပစ်ပွဲတော်မှာတော့  စပိုက်ဂဲလ်အဖွဲ့ဟာ  ဗစ်တိုးရီးယား ဘက်ခမ်းရဲ့ကောင်းမှုနဲ့ပြန်လည်ဆုံစည်းခဲ့ကြပါသေးတယ်။ အခုလည်းသူတို့အဖွဲ့ဝင်တစ်ဦး ဖြစ်တဲ့ဂျင်ဂျာစပိုက်စ်ရဲ့မင်္ဂလာပွဲကို အကြောင်းပြုပြီး ပြန်လည်ဆုံတွေ့ခဲ့ကြတာပဲ ဖြစ်ပါတယ်။