Main menu

Background

ကိုယ်ပိုင်ဘဝကိုတည်ဆောက်ချင်တဲ့လင်ဆေးလိုဟန်

Wed, 02/25/2015 - 21:20 -- journal_editor

အတွဲ(၁၅)အမှတ်(၈)

အမေရိကန်ရုပ်ရှင်မင်းသမီး လင်ဆေးလိုဟန်ဟာ သူ့ရဲ့ကိုယ်ပိုင်ဘဝကို တည်ဆောက်ချင်တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အသက် ၂၈  နှစ် အရွယ်ရှိပြီဖြစ်တဲ့ လင်ဆေးလိုဟန်ဟာ သူ့ရဲ့ရုပ်ရှင်ရိုက်ကူးရေး လုပ်ငန်းတွေကို  ပြန်လည်ဝင်ရောက်လုပ်ကိုင်နေပြီဖြစ်ပါတယ်။
လင်ဆေးလိုဟန်ဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းက  စိတ်ပိုင်းဆိုင်ရာ  ကုသရေးနှင့် ပြန်လည်ထူထောင်ရေးစခန်းတွေမှာ ခြောက်ကြိမ်တိုင်တိုင် နေ ထိုင်ပြီး ကုသခဲ့ရပါတယ်။ သူဟာ အခုလက်ရှိမှာတော့ ံHunger မဂ္ဂဇင်းရဲ့ မျက်နှာဖုံးရှင်အဖြစ် ဓာတ်ပုံရိုက်ကူးရေးလုပ်ငန်းတွေမှာ ပါဝင် လုပ်ဆောင်ပေး နေတယ်လို့ ဆိုပါတယ်။
အဲဒီဓာတ်ပုံရိုက်ကူးနေရာမှာ မီဒီယာတွေက လင်ဆေးလိုဟန် ကို လွန်ခဲ့တဲ့နှစ်တွေတုန်းက သူ့ရဲ့ဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး မေးမြန်း တဲ့အခါမှာ သူက ''ကျွန်မ အဲဒီလိုမျိုးတွေ လုပ်ခဲ့တာမှန်ပါတယ်။ ဒါဟာ ကောလာဟလတွေ မဟုတ်ပါဘူး။ ကျွန်မကိုကြည့်ပြီး ကျန် တဲ့သူတွေ သင်ခန်းစာယူဖို့လိုပါတယ်။ ကျွန်မကြောင့် စိတ်အနှောင့် အယှက်ဖြစ်ရတဲ့သူတွေ အများကြီးပါ။ ကျွန်မရဲ့ ပရိသတ်တွေကိုလည်း ကျွန်မ တောင်းပန်ပါတယ်။ နောက်ကို ဒီလိုအဖြစ်မျိုးတွေ မဖြစ်စေ ရပါဘူးလို့ ကတိပေးပါတယ်''လို့ ပြောကြားခဲ့ပါတယ်။ သူ့အနေနဲ့ သူ့ရဲ့အတိတ်က ဆိုးကျိုးတွေကို အတိတ်မှာပဲထားခဲ့မယ်လို့ ဆိုပါ တယ်။ လိုဟန်ဟာ ဝေါလ်ဒစ္စနေးကုမ္ပဏီက ထုတ်လုပ်ဖြန့်ချိတဲ့ The Parent Trip  ဇာတ်ကားနဲ့ ၁၉၈၆ခုနှစ်ကတည်း က ဟောလိဝုဒ်ရုပ်ရှင် လောကကို ဝင်ရောက်ခဲ့ပါတယ်။