Main menu

Background

အော်စကာအကြိုပါတီပွဲကို ဖျက်ရတော့မယ့် မက်ဒေါနား

Wed, 02/25/2015 - 21:25 -- journal_editor

အတွဲ(၁၅)အမှတ်(၈)

နှစ်စဉ်ကျင်းပနေကြဖြစ်တဲ့  မက်ဒေါနားရဲ့ အော်စကာအကြိုပါတီပွဲကို ဒီနှစ်မှာ ကျင်းပဖြစ်တော့မှာ မဟုတ်ဘူးလို့ မက်ဒေါနားရဲ့ မန်နေဂျာတစ်ဦး ဖြစ်တဲ့ ဂွိုင်းအိုစရေက ပြောကြားခဲ့ပါတယ်။
မက်ဒေါနားဟာ BRIT Awards ပွဲကို မကျင်းပခင် သူ့ရဲ့ပါတီပွဲကို နှစ်စဉ် ကျင်းပလေ့ရှိပါတယ်။ အဲဒီပွဲကိုလုပ်ရတဲ့ သူ့ရဲ့ရည်ရွယ်ချက် ကတော့ အဲဒီBRIT  ပွဲကို မတက်ခင်မှာ သူ့ရဲ့ ပရိသတ်တွေနဲ့ ပွဲကိုတက်လာတဲ့ ဂီတလမ်းမထက် က အကျော်အမော်တွေ ဓာတ်ပုံရိုက်နိုင်အောင်၊ အဆိုတော်တွေ၊ မင်းသား၊  မင်းသမီးတွေအနေနဲ့ ပွဲနဲ့ မစိမ်းအောင်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ပြုလုပ်ပေးတာ ဖြစ်တယ်လို့ မက်ဒေါနားရဲ့မန်နေဂျာဖြစ်သူက ပြောကြားခဲ့ ပါတယ်။
ဒါပေမယ့်လည်း ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်က ကျင်းပ ခဲ့တဲ့ မက်ဒေါနားရဲ့ပါတီပွဲဟာ ဝေဖန်သံတွေ သော သောညံခဲ့တာကြောင့် ဒီနှစ်မှာကျင်းပဖြစ်မှာမဟုတ် ဘူးလို့ ဆိုခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်က ကျင်းပခဲ့တဲ့ မက်ဒေါနား ရဲ့ပါတီပွဲမှာ သူ့ရဲ့ပရိသတ်အပေါ် ခါးသီး တဲ့ပြုမူမှုတွေ  ပြုလုပ်ခဲ့တယ်လို့ သူ့ရဲ့ ပရိသတ်တစ်ဦးက ဝေဖန်ပြောကြားခဲ့ပါ တယ်။ ''မနှစ်က သူ့ရဲ့ပါတီမှာ သူ့အနေနဲ့  စင်ပေါ်ကနေ  ပရိသတ်တွေကို စော်ကားတဲ့အပြုအမူတွေ လုပ် ပြခဲ့တယ်။ သူဟာ ဟောလိဝုဒ်က  ထင် ပေါ်ကျော်ကြားသူတွေနဲ့ ဂရမ်မီဆု ရတဲ့သူတွေကိုပဲ လူလိုသူလိုဆက် ဆံတယ်။ ပရိသတ်တွေကို ဆက်ဆံပုံကတော့ ဆိုးမှ ဆိုး ပဲ။ သူဟာ ပွဲလုပ်မယ်ဆိုရင် ရီဟာဇယ် ကောင်းကောင်း လုပ်ဖို့ လိုပါလိမ့်မယ်။ သူ ဟာ ဘယ်တော့မှ ရီဟာ ဇယ်လုပ်လေ့မရှိတဲ့သူပဲ''လို့ ပရိသတ်တွေက   ဝေဖန်ခဲ့ပါ တယ်။
BRIT Awards 2015 ပွဲကို လာမယ့် ဖေဖော်ဝါရီလ ၂၅ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပါတယ်။