Main menu

Background

The Interview ဇာတ်ကားနဲ့ပတ်သတ်ပြီး ထိတ်လန့်တုန်လှုပ်နေဆဲဖြစ်တဲ့ ဒေ့ဗ်ဖရန်ကို

Wed, 03/11/2015 - 20:52 -- journal_editor

အတွဲ(၁၅)အမှတ်(၁၀)

အမေရိကန်ရုပ်မြင်သံကြားဇာတ်လမ်းတွဲ   သရုပ်ဆောင်ဖြစ်သူ ဒေ့ဗ်ဖရန်ကိုက သူ့ အနေနဲ့ ကမ္ဘာတစ်ဝန်းလုံး ဟိုးလေးတစ်ကျော်ကျော်ဖြစ်ခဲ့ရတဲ့The Interview  ဇာတ်လမ်းနဲ့ ပတ်သက်ပြီး ထိတ်လန့်တုန်လှုပ်နေဆဲဖြစ်နေကြောင်း  ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒေ့ဗ် ဖရန်ကိုဟာThe Interview  ဇာတ်ကားထဲက သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ဂျိမ်းစ်ဖရန်ကိုရဲ့ ညီပဲဖြစ်ပါတယ်။ အဲဒီဇာတ်လမ်းမှာ ဂျိမ်းစ်ဖရန်ကိုဟာ စကိုင်းလာ့ခ်မီဒီယာရဲ့အကြီးအကဲ တစ်ဦးဖြစ်ပြီး မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ကိုလုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားရာ မှာ အဓိကပါဝင်ခဲ့သူအဖြစ် သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
အဲဒီဇာတ်လမ်းနဲ့ပတ်သက်ပြီး မြောက်ကိုရီးယားအနေနဲ့ ဘယ်လိုမှ တုံ့ပြန်မှုမရှိတာ ဟာ အလွန်ကိုကြောက်စရာကောင်းတဲ့အနေအထားမျိုးဖြစ်တယ်လို့ ဒေ့ဗ်ဖရန်ကိုက ပြော ကြားခဲ့တာဖြစ်ပါတယ်။
''လူတွေဟာ သိပ်ကိုကြောက်စရာ ကောင်းပါတယ်။ အထူးသဖြင့် ဆိုရှယ်မီဒီယာတွေ ဆိုရင် ပိုပြီးကြောက်စရာကောင်းတယ်။  အဲဒီဇာတ်ကားနဲ့ပတ်သက်ပြီး စဉ်းစားလိုက်တာနဲ့ ကျွန်တော့်မှာ ကြောက်စိတ်တွေ ဝင်နေတော့တာပါပဲ''လို့ ဒေ့ဗ်က ပြောကြားခဲ့ပါတယ်။
အဲဒီဇာတ်ကားနဲ့ပတ်သက်ပြီး လူတော်တော်များများက ဆိုရှယ်မီဒီယာတွေပေါ်မှာ ဝေဖန်နေကြတယ်လို့ ဆိုပါတယ်။ အဲဒီဇာတ်ကားကြောင့် တတိယကမ္ဘာစစ်ဖြစ်လာနိုင်တယ် ဆိုတဲ့ လူတွေရဲ့ဟာသဆန်ဆန် ဝေဖန်ချက်တွေဟာ သိပ်ကို ကြောက်စရာကောင်းနေပါပြီ လို့ ဒေ့ဗ်က ပြောကြားခဲ့တာဖြစ်ပါတယ်။ အဲဒီဇာတ်ကားကို စတင်ပြသစဉ် က မြောက်ကိုရီး ယားနိုင်ငံအနေနဲ့ မိုက်ခရိုဆော့ဖ်ကုမ္ပဏီနဲ့  ဆိုနီရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီတို့ရဲ့ အရေးကြီးအချက်အလက်များ သိမ်းဆည်းထားတဲ့ဝက်ဘ်ဆိုက်ကို ဝင်ရောက် တိုက်ခိုက်ခဲ့ပါတယ်။