Main menu

Background

ကိုယ်ဝန်ရှိချင်ဟန်ဆောင်ခဲ့တဲ့ မိုင်လေဆိုင်းရပ်စ်

Wed, 03/11/2015 - 21:01 -- journal_editor

အတွဲ(၁၅)အမှတ်(၁၀)

Wrecking Ball သီချင်းတစ်ပုဒ်တည်းနဲ့ ကမ္ဘာကျော်သွားခဲ့တဲ့ မိုင်လေဆိုင်းရပ်စ်က သူဟာ ပက်ထရစ်ရှာဇင်ဂါနဲ့ရတဲ့ ကိုယ်ဝန်ကို လွယ်ထား ရပြီဖြစ်တယ်လို့ သူ့ရဲ့လူမှုကွန်ရက်ဝက်ဘ်ဆိုက် မှာ ဖော်ပြခဲ့ပါတယ်။
မိုင်လေဟာ သူရဲ့ဝမ်းဗိုက်ကို အာလ် ထရာဆောင်းရိုက်နေတဲ့ပုံနဲ့ ကိုယ်ဝန်ရှိနေပြီ ဆိုတဲ့သတင်းစကားကို သူ့ရဲ့တွစ်တာထဲမှာ ထည့်သွင်းဖော်ပြခဲ့တာ ဖြစ်ပါတယ်။
အဲဒီသတင်းကြောင့်  မိုင်လေနဲ့ ပက် ထရစ်ရှာဇင်ဂါတို့ရဲ့သတင်းဟာ တစ်မုဟုတ် ချင်း ပျံ့နှံ့သွားခဲ့ပါတယ်။
မိုင်လေရဲ့ ကိုယ်ဝန်ရှိနေပြီဆိုတဲ့ သတင်း ကြောင့် ပက်ထရစ်နဲ့မိုင်လေတို့ဟာ  မီယာမီကမ်းခြေမှာ လက်ထပ်ပွဲကို  ဆင်နွှဲပြီးဖြစ်တယ်လို့ Life & Style  မဂ္ဂဇင်းက ထုတ်ဖော်ရေးသားခဲ့ပါတယ်။
မိုင်လေနဲ့ပတ်သက်ပြီး ပက်ထရစ်က "သူဟာ သစ္စာရှိ တဲ့ဇနီးကောင်းဖြစ်အောင်  ကြိုးစားနေပါတယ်။ ဒါပေမယ့်  ကတိပေးဖို့ကိုတော့ သူတွန့်ဆုတ်နေဆဲပါပဲ။ ကျွန်တော့်ရဲ့  မျိုးရိုးနာမည်ကို သူယူမယ်ဆိုရင်တော့ သူ့ကို ကျွန် တော် တကယ်လက်ထပ်ယူပါ့မယ်}}လို့ ပက်ထရစ် က သူတို့နှစ်ဦးရဲ့ရှေ့ရေးနဲ့ပတ်သက်ပြီး ပြောကြားခဲ့ ပါတယ်။ မိုင်လေကတော့ သူ့မှာ ကိုယ် ဝန်ရှိတာ    တကယ်မဟုတ်ဘဲ နောက် ပြောင်ပြီးတော့ ပြုလုပ် ခဲ့တာဖြစ်တယ်လို့    ဆိုပါတယ်။ သူသာကိုယ်ဝန်ရှိမယ်ဆိုရင်   မွေးလာမယ့် ကလေးဟာ   ပီဇာပုံကလေးလေးပဲဖြစ်မယ်လို့ နောက်ပြောင်ပြီး ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။