Main menu

Background

Miss A အဖွဲ့ရဲ့ ဆူဇီနဲ့ ပတ်သက်နေတယ်ဆိုတာကို ဖြေဆိုဖို့ ဆွံ့အနေတဲ့ လီမင်ဟို

Tue, 04/07/2015 - 20:50 -- journal_editor

အတွဲ(၁၅)၊ အမှတ်(၁၄)

Heirs, Gangnam blues  စတဲ့ဇာတ်လမ်းတွေနဲ့ နာမည်ရလာတဲ့ ဆယ် ကျော်သက်နှုတ်ခမ်းနီမလေးတွေရဲ့အသည်းစွဲ လီမင်ဟိုဟာMiss A အဖွဲ့ ရဲ့ ဆူဇီနဲ့ပတ်သက်နေတယ်ဆိုတဲ့မီဒီယာတွေရဲ့မေးမြန်းချက်တွေကို ဖြေဆို ဖို့ ဆွံ့အနေခဲ့တယ်လို့ Feverdream  မှာ ဖော်ပြထားပါတယ်။ ဟောင်ကောင်မှာInnisfree  အမှတ်တံဆိပ်အလှကုန်ပစ္စည်း ကြော်ငြာရိုက်ကူးဖို့ ရောက်ရှိနေတဲ့ လီမင်ဟိုကို ဟောင်ကောင်မီဒီယာတွေက မေးမြန်းခဲ့တာဖြစ်ပါတယ်။
ဧပြီလ ၂ ရက်နေ့က လီမင်ဟိုနဲ့ ဟောင်ကောင်မီဒီယာတွေ တွေ့ဆုံစဉ် ခုလို မေးမြန်းခံခဲ့ရတာဖြစ်ပါတယ်။ အဲဒီမေးခွန်းကို လီမင်ဟိုက ပြန်လည် ဖြေကြားခြင်းမပြုတဲ့အတွက် ဟောင်ကောင်မီဒီယာတွေဟာ လီမင်ဟိုကို စိတ် ပျက်သွားခဲ့ကြတယ်လို့ အဲဒီသတင်းမှာ ဖော်ပြထားပါတယ်။
လီမင်ဟိုနဲ့ ဆူဇီတို့ပတ်သက်နေတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေပေ မယ့်လည်း လီမင်ဟိုရဲ့ ပရိသတ်တွေကတော့ သူ့အပေါ်ကို ချစ်ခင်နေဆဲ၊ လက်ဆောင်တွေ ပေးနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
နိုင်ငံတကာက လီမင်ဟိုရဲ့ပရိသတ် တွေဟာ လီမင်ဟိုရဲ့ လူမှုရေးလုပ်ငန်း လုပ်ကိုင်ရာမှာ အဆင်ပြေစေဖို့အတွက် ငွေကြေးတွေထည့်ဝင်လှူဒါန်းလျက် ရှိတယ်လို့ ဆိုပါတယ်။ လီမင်ဟိုကလည်း  Charity:Wate  ဆိုတဲ့ခေါင်းစဉ်နဲ့ လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ရာမှာ အမေရိကန်ဒေါ်လာ ငါးသောင်းထည့်ဝင်လှူ ဒါန်းခဲ့သလို သူ့ရဲ့ပရိသတ်တွေလည်း ပါဝင်လှူဒါန်းခဲ့ကြတယ်လို့ ဆိုပါတယ်။