Main menu

Background

ယာဉ်တိုက်မှုကြောင့် သေဆုံးခဲ့ရတဲ့ မိသားစုကို ဒေါ်လာတစ်သောင်းခွဲ လှူဒါန်းခဲ့တဲ့

Wed, 06/17/2015 - 20:13 -- journal_editor

       အမေရိကန်ပေ့ါအဆိုတော် တေလာဆွစ်ဖ်ဟာ ယာဉ်တိုက်မှုကြောင့် မိသားစုတွေ ပြိုကွဲသွားခဲ့ရတဲ့ လုပ်အားပေး မီးသတ်သမား မိသားစုကို အမေရိကန်ဒေါ်လာ တစ်သောင်းခွဲ ပေးအပ်လှူဒါန်းခဲ့တယ်လို့ ဆိုပါ တယ်။ ပရဟိတလုပ်ငန်းတွေ လုပ်လာကြတဲ့အနုပညာရှင်တွေဟာ လူမှု ကွန်ရက်မှတစ်ဆင့် ဒုက္ခရောက်နေကြတဲ့ပြည်သူတွေကို အကူအညီပေးနေ ကြတာဖြစ်ပါတယ်။
တေလာဆွစ်ဖ်ဟာGoFundMeဆိုတဲ့ ဝက်ဘ်ဆိုက်ပေ့ချ်ပေါ်မှာ ယာဉ်တိုက်မှုကြောင့် မိသားစုတွေ ဒုက္ခရောက်နေတဲ့အတွက် အလှူငွေ လှူဒါန်းဖို့ တောင်းခံထားတာကို တွေ့မြင်ခဲ့ပြီး ခုလို လှူဒါန်းခဲ့တာဖြစ်ပါ တယ်။ လုပ်အားပေးမီးသတ်သမား ဗင်ရိုက်ပါဟာ သူ့ရဲ့မိသားစုနဲ့အတူ တက္ကဆက်ပြည်နယ်မှာရှိတဲ့ ရေဗားဆိုက်လမ်းပေါ်မှာ ယာဉ်တိုက်မှုဖြစ် ပွားခဲ့တာပါ။
အဲဒီယာဉ်တိုက်မှုမှာ မိသားစုသုံးဦးစလုံး ဒဏ်ရာတွေ ပြင်းထန်စွာ ရရှိခဲ့ တာကြောင့် ဆေးရုံတက်ရောက်ကုသခဲ့ကြရပါတယ်။ ဗင်ရိုက်ပါဟာ သေမင်းခံတွင်းကနေ လွတ်မြောက်ခဲ့ရပေမယ့်လည်း သားဖြစ်သူကတော့ နေရာမှာတင် ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဗင်ရဲ့ဇနီးဖြစ်သူအမ်ဘာကတော့  ငါးပိုင်းကျိုးထွက်သွားတဲ့ တင်ပါး ဆုံရိုးကွင်းကို ကိုးနာရီကြာခွဲစိတ်မှုပြုလုပ်ခဲ့ရသလို  သေလုမြောပါး အခြေ အနေနဲ့ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။
တေလာဆွစ်ဖ်ဟာ သူတို့မိသားစုရဲ့လက်ရှိအခြေအနေတွေကို သိရှိ ခဲ့ပြီး လူနာရှင်မိသားစုကို အမေရိကန်ဒေါ်လာတစ်သောင်းခွဲ ပေးအပ်လှူ ဒါန်းခဲ့တာ ဖြစ်ပါတယ်။