Main menu

Background

လေလံတင်ရောင်းချခဲ့တဲ့ လက်စ်ပေါလ်ရဲ့ ရှေးဟောင်းဂစ်တာ

Wed, 02/25/2015 - 21:23 -- journal_editor

အတွဲ(၁၅)အမှတ်(၈)

အမေရိကန်   ဂစ်တာပညာရှင် တစ်ဦးဖြစ်တဲ့ လက်စ်ပေါလ် ပိုင်ဆိုင်တဲ့  ဂစ်တာတွေ အနက် အနက်ရောင်ဂစ်တာ ကို လေလံတင် ရောင်းချခဲ့ တယ်လို့ လေလံတင်ရောင်း ချရေး အဖွဲ့ကဆိုပါတယ်။
အဲဒီဂစ်တာကို ဖေဖော် ဝါရီ ၁၉ ရက်ညက လေလံ တင်ရောင်းချရာမှာ အမေ ရိကန်ဒေါ်လာ ၂၇၅၀၀၀ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဝယ်ယူသွားခဲ့တဲ့ သူက တော့ ဂျင်မ်အီရီဆေးဆိုသူပဲ ဖြစ်ပါတယ်။ အီရီဆေးဟာ အခုလို လေလံတင်ရောင်းချတဲ့ သမိုင်းဝင်ပစ္စည်းတွေကို ဝယ်ယူရာမှာ အလွန်ကို စိတ်အားထက်သန်သူတစ်ဦးလည်း ဖြစ်တယ်လို့ဆိုပါတယ်။ ဒါ့ပြင် သူဟာ အမေရိကန် မေဂျာ လိဂ်ပြိုင်ပွဲဝင် ဘောလုံးအသင်းတစ်သင်းဖြစ်တဲ့ အင်ဒီယာ နာပိုလိစ်ကော့လ်အသင်းရဲ့ အသင်းပိုင်ရှင်လည်းဖြစ်ပါ တယ်။
အဲဒီဂစ်တာလေလံပွဲကို နယူးယောက်မြို့မှာရှိတဲ့ Arader Galleries မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။ပေါလ်ရဲ့ ဂစ်တာဟာ ကြိုးခြောက်ချောင်းနဲ့ တီးခတ်လို့ရအောင် ပြု လုပ်ထားတဲ့  ဂစ်တာတစ်လက်ဖြစ်ပြီး ၁၉၅၄ခုနှစ်ကတည်း က သူကိုယ်တိုင်ဖန်တီးပြုလုပ်ထားတဲ့ ဂစ်တာတစ်လက် ဖြစ်ပါတယ်။ လေလံပွဲမှာ အဲဒီဂစ်တာအပြင် တခြားဂစ် တာတွေကိုလည်းထပ်မံ လေလံတင်ရောင်းချခဲ့ပါသေး တယ်။  အဲဒီလို လေလံတင်ရောင်းချတဲ့အတွက် အမေ ရိကန်ဒေါ်လာ ၃၃၅၅၀၀ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
ပေါလ်ဟာ အသက်၉၄နှစ်အရွယ်၂၀၀၉ခုနှစ်ကတည်း က ကွယ်လွန်ခဲ့ပြီဖြစ်ပါတယ်။