တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရှန်ဟိုင်းမြို့၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့မှ ၁၀ ရက်နေ့အထိကျင်းပပြုလုပ်မည့် “တတိယအကြိမ် နိုင်ငံတကာ သွင်း ကုန်ကုန်စည်ပြပွဲ - The 3rd China International Import Expo (CIIE)- 2020” နှင့်Hongqiao International Economic Forumဖွင့်ပွဲအခမ်းအနားကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၄ ရက် (၁၈:၃၀) နာရီတွင် hybrid ပုံစံဖြင့်ကျင်းပပြုလုပ်ရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသန်းမြင့် အွန်လိုင်းမှပါဝင်တက်ရောက်ခဲ့သည်။
အဆိုပါကုန်စည်ပြပွဲနှင့် ဖိုရမ်ဖွင့်ပွဲအခမ်းအနားသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ H.E. Mr. Xi Jinping တက်ရောက်အဖွင့်အမှာစကားပြောကြားရာတွင် CIIE – 2020ကုန်စည်ပြပွဲကို COVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့် စီးပွား ရေးထိခိုက်မှုများကို ပြန်လည်ကောင်းမွန်တိုးတက်လာ စေရေး အထောက်အကူဖြစ်စေရန်၊ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရန်နှင့် ယဉ်ကျေးမှုဖလှယ်ရန်တို့အတွက် ရည်ရွယ်ကျင်းပခြင်း ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် နယ်စပ်ဖြတ်ကျော် အီလက်ထရောနစ် ကူးသန်းရောင်းဝယ်ရေးစနစ်တိုးတက်လာစေရေး လွတ်လပ်သောနည်းပညာစီးဆင်းမှု (Free Flow of Technology) ကို အားပေးမြှင့်တင်လျက်ရှိပါကြောင်း၊ ယခုပြပွဲတွင် နည်းပညာဆိုင်ရာထုတ်ကုန်အသစ်များ၊ တီထွင်ဆန်းသစ်မှုအသစ်များကို ထုတ်ဖော်ပြသနိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် တရုတ် နိုင်ငံသည် ဒေသတွင်းအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများတွင် တက်ကြွစွာပါဝင်ပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွင်လည်း တက် ကြွစွာ လိုက်ပါပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ပါကစ္စတန်နိုင်ငံသမ္မတ H.E. Mr. ArifAlvi၊ တောင်အာဖရိကနိုင်ငံသမ္မတH.E. Mr. MatamelaCyril Ramaphosa၊ ချီလီနိုင်ငံသမ္မတ H.E. Mr. Sebastián Piñera၊ ဥဇဘက်ကစ္စ တန်နိုင်ငံသမ္မတH.E. Mr. ShavkatMirziyoyev၊ ဆာဘီးယားနိုင်ငံသမ္မတH.E. Mr. Aleksandar Vučić၊ စပိန်နိုင်ငံသမ္မတH.E. Mr. Pedro Sánchez Pérez-Castejón၊ နယူးဂီနီနိုင်ငံဝန်ကြီးချုပ်H.E. Mr. James Marape၊ ဟန်ဂေရီနိုင်ငံဝန်ကြီးချုပ်H.E. Mr. Viktor Orban၊ UNCTADအထွေထွေအတွင်းရေးမှူးချုပ် Mr. MukhisaKituyi၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ညွှန်ကြားရေးမှူးချုပ် Mr. TedrosAdhanom Ghebreyesus၊ ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့ (WIPO)ညွှန်ကြားရေးမှူးချုပ်Mr. Daren Tang၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO)ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Yi Xiaozhunတို့က Video Keynote Speech များပြောကြားခဲ့ကြသည်။
The 3rd China International Import Expo (CIIE) - 2020 ကုန်စည်ပြပွဲအား တရုတ်နိုင်ငံ၏ ကြီးမားကျယ်ပြန့်သည့် ဈေးကွက်အတွင်းသို့ နိုင်ငံတကာမှ ကုန်စည်များ ဈေးကွက်ရရှိနိုင်ရေးအတွက် နိုင်ငံတကာကုန်စည်များဈေး ကွက်ဝင်ရောက်ခွင့်အား ဖွင့်လှစ်ပေးသည့် အနေဖြင့် ၂၀၁၈ ခုနှစ်မှ စတင်၍ နှစ်စဉ်ကျင်းပခဲ့ခြင်းဖြစ်ပြီး ယခုနှစ်သည် တတိယအကြိမ်မြောက် ကျင်းပသည့် ကုန်စည်ပြပွဲဖြစ်သည်။ အဆိုပါကုန်စည်ပြပွဲ၌ နိုင်ငံပေါင်း ၄၅ နိုင်ငံမှ Online နှင့် Offline နှစ်မျိုးစလုံးဖြင့် ပါဝင်ပြသမည်ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် အသင့်စားကော်ပြန့်ကြော်၊ လက်ဖက်ခြောက်၊ သီဟိုဠ်စေ့၊ စားသောက်ကုန်များအား ပါဝင်ပြသမည်ဖြစ်သည်။
Hongqiao International Economic Forum၏ အဓိကခေါင်းစဉ်မှာ “Win-Win ပူးပေါင်း ဆောင်ရွက်မှုအတွက် ဖွင့်လှစ်ခြင်းနှင့်ဆန်းသစ်တီထွင်ခြင်းဖြစ်ပြီးကမ္ဘာ့စီးပွားရေးဆိုင်ရာအုပ်ချုပ်မှု စနစ်တိုးတက်စေရန်နှင့် ပြုပြင်ပြောင်းလဲ ရန်နှင့် ကျန်းမာသော ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အတွက် “Hongqiao Wisdom” ကို အဆိုပြုရန် ကမ္ဘာလုံးဆိုင်ရာနိုင်ငံရေး၊ စီးပွားရေးနှင့် ပညာရေး အသိုင်းအဝိုင်းများအတွက် အဆင့်မြင့်တွေ့ဆုံဆွေးနွေးခြင်းဖြစ်သည်။
အဆိုပါဖွင့်ပွဲအခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသတင်းရရှိသည်။
MOC(IR)