Main menu

Background

၂၀၂၁ ခုနှစ်၊ သြဂုတ်လတွင် ဆန်နှင့်ဆန်ကွဲတန်ချိန် ငါးသောင်းသုံးထောင်ကျော်တင်ပို့

Mon, 10/18/2021 - 15:08 -- journal_editor

 ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း သြဂုတ်လ ၁ရက်မှ ၃၁ရက်ထိ ကာလတွင် မြန်မာ-တရုတ်နယ်စပ်မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၀.၂၈၅ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၉၁၀ ကျော် တင်ပို့ခဲ့ကြောင်းသိရှိရပါသည်။

          သြဂုတ်လတွင် ပင်လယ်ရေကြောင်းမှ အမေရိကန်ဒေါ်လာ ၁၄.၆၂၉ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၃၉၆၀၀ ကျော် တင်ပို့ခဲ့ရာအာရှိနိုင်ငံများသို့ ဆန်တန်ချိန် ၂၁၉၀၀ကျော် ၊ အီးယူးနိုင်ငံမျာသို့ ဆန်တန်ချိန် ၁၇၂၀၀ကျော်နှင့် နယူးဂီနီနိုင်ငံသို့ ဆန်တန်ချိန် ၅၀၀ခန့် တင်ပို့ခဲ့ပါသည်။

ပင်လယ်ရေကြောင်းမှ အာရှနိုင်ငံများဖြစ်သော တရုတ်နိုင်ငံသို့ ၆၇၉၀ကျော်၊ ဖိလစ်ပိုင် နိုင်ငံသို့ ဆန်တန်ချိန် ၁၄၂၀၀ခန့်၊ အီးယူနိုင်ငံများမှ ပိုလန်နိုင်ငံသို့ ဆန်တန်ချိန် ၁၄၅၀၀ ကျော်၊ လစ်သူရေးနီးယားနိုင်ငံသို့ တန်ချိန်၂၀၀၀ကျော်နှင့် စပိန်နိုင်ငံသို့ တန်ချိန်၆၀၀ကျော် အများဆုံးတင်ပို့ခဲ့ကြောင်းသိရသည်။

          သြဂုတ်လ ၁ရက်မှ ၃၁ ရက်ထိကာလအတွင်း မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေး ဇုန် မှ အမေရိကန်ဒေါ်လာ သုညဒသမ၀၃၉သန်းတန်ဖိုးရှိ ဆန်ကွဲတန်ချိန် ၁၄၀နီးပါး တင်ပို့ခဲ့ကြောင်း သိရှိရသည်။

          သြဂုတ်လ ၁ရက်မှ ၃၁ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ အမေ ရိကန်ဒေါ်လာ ၄.၂၄၃ သန်းတန်ဖိုးရှိ ဆန်ကွဲတန်ချိန် ၁၃၂၀၀ကျော် ကိုတင်ပို့ခဲ့ပြီး အာရှနိုင်ငံများသို့ ဆန်ကွဲတန်ချိန် ၉၇၀၀ကျော်နှှင့် အီးယူနိုင်ငံများသို့ ၃၅၀၀ ကျော်တင်ပို့ခဲ့သည်။ ၎င်းတို့အနက်မှ တရုတ်နိုင်ငံသို့ဆန်ကွဲတန်ချိန် ၈၀၀၀ကျော် ၊ ထိုင်းနိုင်ငံသို့တန်ချိန် ၁၃၄၀ခန့်၊ လစ်သူရေးနီးယားနိုင်ငံသို့ တန်ချိန် ၁၅၀၀ ခန့်ကို အများဆုံးတင်ပို့ခဲ့ကြောင်းသိရသည်။

          ၂၀၂၁ခုနှစ် သြဂုတ်လအတွင်း နယ်စပ်ကုန်သွယ်ရေးနှင့် ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ဆန်တန်ချိန် ၄၀၅၀၀ခန့်နှင့် ဆန်ကွဲတန်ချိန် ၁၃၃၀၀ ကျော် တင်ပို့ခဲ့ကြောင်းသိရသည်။